မိခင်ကiPhone ကိုသိမ်းလိုက်သောကြောင့် သမီးဖြစ်သူက အဆိပ်ခတ်သတ်
ဝါရှင်တန်၊ မတ် ၂၄
အပြစ်ပေးခြင်းသည် စိတ်ဒဏ်ရာ ရစေပြီး လက် စားချေ ရလောက်အောင် ခံစားမှု ကိုဖြစ်ပေါ်စေ ခဲ့ကြောင်း အမေရိကန်ပြည် ထောင်စု၊ ကော်လို ရာဒိုပြည်နယ် ဘိုးဒါးမှ ၁၂ နှစ်သမီးအရွယ် ကလေး တစ်ယောက်သည် မိခင်ဖြစ်သူက သူမပိုင် iPhone ကို သိမ်းလိုက်သောကြောင့် အဆိပ်ခတ် သတ်ခြင်းဖြင့် သက်သေပြ ခဲ့ကြောင်း Fox31 Denver သတင်း အစီအစဉ်က ထုတ်ပြန် ကြေညာ သွားခဲ့သည်ကို Digital Trends သတင်းတွင်ဖော်ပြ ထားသည်။
သမီးဖျော်ပေးသည့် ဖျော်ရည်တွင် အရောင် ချွတ်ဆေးနံ့ရသော်လည်း သတိမထားမိကြောင်း၊ ဖန်ခွက် ကို ဆေးလိုက်ရာတွင် အောက်ခြေ၌ အဖြူရောင်အမှုန့်များ ကျန်နေသည်ကို သတိထားမိကြောင်း၊ ထိုဖျော်ရည်ကို သောက်ပြီးမှ အော့အံချင်သလိုလို နေမကောင်းဖြစ်သော်လည်း အဆိပ်ခတ်ထားသည်ဟု မထင်ခဲ့ကြောင်း မိခင်ဖြစ်သူက ပြောကြားသည်။
နောက်တစ်နေ့တွင် မိမိအိပ်ခန်း အတွင်းရှိ သောက်ရေ ခွက်ထဲတွင်လည်း ထိုအနံ့များဆက်ရနေကြောင်း၊ မူပျက်နေသော သမီးဖြစ်သူကို စစ်ဆေးလိုက်မှ သူမထံက iPhone ကိုသိမ်းထားသောကြောင့် ယခုကဲ့သို့ လက်စားချေသည့်အနေဖြင့် အဆိပ် ခတ်သတ်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း မိခင်ကပြောကြားသည်ဟု တာဝန်ရှိရဲတပ်ဖွဲ့မှူးကဆိုသည်။
၁၂ နှစ်သမီးကို ရဲစခန်းကခေါ်ယူမေးမြန်းနေသော်လည်း iPhone ကို သိမ်းထားသည့်အပြင် အခြားအိမ် တွင်းရေး ပြဿနာ များကို ရဲစခန်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
မိခင်ဖြစ်သူသည် အရောင်ချွတ်ဆေးများကို သောက်သုံးခဲ့သော်လည်း ဆေးရုံသို့တက်ရောက်ပြီးနောက် အခြေအနေကောင်း လျက်ရှိကြောင်း၊ ၁၂ နှစ်အရွယ် သမီးကိုမူ ရဲစခန်းက ထိန်းသိမ်းစောင့်ရှောက်ထားပြီး အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း Digital Trends သတင်းတွင် ရေးသားထားသည်။
http://www.maukkha.org
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မူးလာလျှင် မောင်း၍မရသည့် ကားစနစ်တီထွင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin
- (အနောကျသို့) ခြသေ့င်္မြို့တော်က ဧရာမ သူရဲကောင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin