အိပ်စက်မှု ဖောက်ပြန်သည့် ရောဂါဆန်းအတွက် ဆေးဝါးဖော်စပ် ထုတ်လုပ်နိုင်ဖွယ်ရှိ။
သမန်းကျား
ရောဂါဆန်းတို့ ဖြစ်ပွားတတ်သည့် အာဖရိက တိုက်တွင် လူပေါင်း ထောင်သောင်းချီ ခံစားနေရပြီး အသက်အန္တရာယ်ကို ဖြစ်စေနိုင်သော ‘အိပ်စက်မှု ဖောက်ပြန်သည့် ရောဂါ’ သည်လည်း ကုသရန် ဆေးဝါးမရှိဘဲ ကျန်ရှိနေဆဲ ဖြစ်ရာဝယ် သုတေသီများက ကုသဆေး ထုတ်ရာတွင် အသုံးပြုနိုင်မည့် ပေါင်းစပ်ဓါတု ပစ္စည်း ရာပေါင်း များစွာကို တွေ့ ရှိထားပြီ ဖြစ်ကြောင်း သိရသည်။
ဆေးဝါး အသစ်တစ်ခုကို ဖော်စပ်ထုတ်လုပ်ဖို့ ဆိုတာ အစရှာတွေ့ ဖို့ လိုပါတယ်။ အိပ်စက်မှုဖောက်ပြန် တဲ့ရောဂါဟာ ရှေးပဝေသဏီကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် သာမန်အိပ်ရေးပျက်တာ၊ အိပ်မရတာလို့ ဘဲ ထင်ခဲ့ကြပြီး ဖာသိ ဖာသာနေရင်း လျစ်လျူရှုမိသလိုဖြစ်ပြီး သေဆုံးမှုနှုန်းများလာရတာဖြစ်ပါတယ်။ အခုတော့ လမ်းစတော့တွေ့ နေပါပြီ ဟု Northeastern University မှ ဓါတုဗေဒနှင့် ဓါတုဇီဝဌာန တွဲဖက်ပါမောက္ခ မိုက်ကယ်ပိုလာစထရီ က ပြောသည်။
အိပ်စက်မှုဖောက်ပြန်သောရောဂါကို Human African Trypanosomiasis ဟုခေါ်ပြီး နှစ်စဉ် လူပေါင်း ထောင် သောင်းချီတို့ က ခံစားရကာ အချိန်မှီကုသမှု မပြုနိုင်လျင် သေဆုံးနိုင်ကာ ပျောက် ကင်းအောင် ကုသပေးနိုင်သည့် ဆေးဝါးလည်း မရှိသေးပေ။ ပါရာဆိုက်ကပ်ပါးပိုး တစ်မျိုးကြောင့် ဖြစ်လေ့ ရှိပြီး ဤရောဂါကို ကုသနိုင်ရန် သုတေသီ များက ပေါင်းစပ်ဓါတုပစ္စည်းအမျိုး ၄၂၀၀၀ ထက်မနည်းကို ရှာဖွေစမ်းသပ်ရွေးထုတ်ကာ ယခုနောက်ဆုံး ရာနှင့်ချီ သော ပေါင်းစပ်ဓါတုပစ္စည်းများဖြင့် ဆက်လက် စမ်းသပ်ရဦးမည်ဖြစ်ကြောင်း သိရသည်။
အပူပိုင်းဒေသများတွင်ဖြစ်ပွားလေ့ရှိပြီး ကုသရန်ဆေးဝါးမရှိသေးသော ရောဂါ ၁၇-မျိုး ကျန်ရှိနေသေးရာ အိပ်စက်မှု ဖောက်ပြန်သောရောဂါကို အာဖရိကတိုက်၊ ဆာဟာရဒေသတစ်ခုတည်းတွင် တွေ့ ရလေ့ရှိပြီး တစ်နှစ်လျင် လူပေါင်း ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ခံစားရလေ့ရှိသည်။ ရောဂါပထမအဆင့်တွင် အဖျား တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ် အမြစ်များနာကျင်ခြင်း၊ အရေပြားယားယံခြင်းတို့ ကို ခံစားရလေ့ ရှိပြီး ရောဂါဒုတိယအဆင့်တွင် ဗဟိုအာရုံကြော စနစ်ထဲသို့  ပါရာဆိုက်ကပ်ပါးကောင် ထိုးဖောက် ၀င်ရောက်သွားသည့်အတွက် အိပ်စက်မှုဖောက်ပြန်ပြီး ကိုးမား ၀င် သွားလေ့ရှိကာ အသက်သေဆုံး ရခြင်းဖြစ်ကြောင်း သိရသည်။
ကုသရန်ဆေးဝါး မရှိသည့် အတွက် စမ်းသပ်ဆေးဝါးများဖြင့်သာ ကုသနေရလေရာ လူနာမှာ ဆေး၏ ဘေးထွက် ဆိုးကျိုး ကို ပြင်းထန်စွာခံစားရလေ့ရှိပြီး ရောဂါကြောင့် မသေလျင်သော်မှ ဆေးကြောင့် သေဆုံးခဲ့ရသည့် သာဓက များလည်း ရှိနေသည်။
ကမ္ဘာ့လူသားမျိုးနွယ်စုကို အကြီးအကျယ်ခြိမ်းချောက်နေသော ရောဂါဆန်းများသည် အာဖရိက တိုက်နိုင်ငံ များမှ ထွက်ပေါ်လာလေ့ရှိရာဝယ် HIV နှင့် အီဘိုလာ တို့ သည်ထင်ရှားပြီး ယခု အိပ်စက်မှု ဖောက်ပြန် သည့် ရောဂါနှင့်တူ အမြစ်ပြတ်ကုသရန်ဆေးဝါးမရှိသေးသည့် ရောဂါဆန်းများချဉ်းဖြစ်သောကြောင့် ကမ္ဘာ့ဆေးဝါးလောက သုတေသီ များအနေနှင့် အာဖရိက တိုက်ဖွားရောဂါများကို အထူးပြု သုတေသနပြု လုပ်ကာ ဆေးဝါးများဖော်စပ်ထုတ်လုပ်ကြရန် အာရုံစိုက်ချိန် တန်ပြီဖြစ်ကြောင်း လေ့လာစောင့်ကြည့် သူများက ဝေဖန်နေကြသည်။
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) လုပ်ငန်းခွင်မှာ စိတ်အနှောက်အယှက် ပေးတတ်သူတွေကို ဘယ်လို ကိုင်တွယ်မလဲ Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) အီဘိုလာ ဗီဇများကို ဖော်ထုတ်ပေးနိုင်မည့် ဇီဝလစ်တမတ် စက္ကူ။ Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)