အူရီးဒူးက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၁၃ ခု၌ ကွန်ရက် ထပ်မံတိုးချဲ့
ရန်ကုန်တိုင်း အတွင်း အူရီးဒူး ဆင်းမ်ကတ် အသုံးပြုနိုင် သော မြို့နယ်ပေါင်း ၃၉ ခုအထိ ရှိလာပြီး အောက်တိုဘာ အတွင်း ကွန်ရက် ချဲ့ထွင်မှု အနေဖြင့် မြို့ နယ်ပေါင်း ၁၃ ခုအထိ တိုးလာ ကြောင်း အူရီးဒူးမြန်မာမှ သတင်း ရရှိ သည်။
‘‘အူရီးဒူးရဲ့ မိုဘိုင်းကွန်ရက် ဟာ မြို့နယ်ပေါင်း ၃၅ ခုအထိ ရှိလာပြီဖြစ်တဲ့အတွက် လက်ရှိမှာ ရန်ကုန်မြို့ရဲ့ ၉၅ ရာခိုင်နှုန်းကို ကွန်ရက် လွှမ်းခြုံထားနိုင်ပါပြီ။ ဒီနှစ်ကုန်ရင်တော့ ကွန်ရက်က အခုထက် ပိုပြီး ပြည့်စုံကောင်းမွန် လာပါမယ်’’ဟု အူရီးဒူးမြန်မာ၏ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
အူရီးဒူး၏ မိုဘိုင်းကွန်ရက် သည် ရန်ကုန်တိုင်းအတွင်း ၃၉ မြို့နယ်တွင် အသုံးပြုနိုင်ပြီဟု ဆိုသော်လည်း လက်ရှိတွင် ကောင်းမွန်သော ကွန်ရက်ဖြင့် အသုံးပြုနိုင်သော မြို့နယ်မှာ ၂၅ ခုသာရှိသေးပြီး ကျန်သော ၁၄ မြို့နယ်မှာ ကောင်းမွန်ဆဲအခြေအနေ သာရှိနေသေးကြောင်း သတင်း ရရှိသည်။
ရန်ကုန်တိုင်းအတွင်း၌ မြို့ နယ်ပေါင်း ၄၄ မြို့နယ်ရှိပြီး အူရီး ဒူး၏ မိုဘိုင်းကွန်ရက်မှာ လက်ရှိ ချဲ့ထွင် ထားသည့် မြို့နယ် ၃၉ ခု၌ပင် ပြီးပြည့်စုံမှုမရှိသေးသည့် အတွက် အချို့နေရာများတွင် အသုံးပြု၍ လိုင်း မမိသည့် ပြဿနာများ ကြုံတွေ့နေရ၍ အသုံးပြုသူများ စိတ်ဝင်စားမှု နည်းပါးလျက်ရှိသည်။
ထို့အပြင် မန္တလေးတိုင်း အတွင်း၌ မြို့နယ်ပေါင်း ၂၈ ခုရှိ သည့်အနက် ၁၇ မြို့နယ်ကိုသာ ကွန်ရက် လွှမ်းခြုံ ထားနိုင်သေး ကြောင်းသိရပြီး ယခုနှစ်ကုန်တွင်လူဦးရေပေါင်း ၂၅ သန်းအထိ ကွန်ရက် လွှမ်းခြုံနိုင်စေ ရန် ဆောင် ရွက်သွားမည်ဟု အူရီးဒူးမြန်မာက ကတိပြုထားသည်။
အူရီးဒူးမြန်မာ၏ နောက်ဆုံး ထုတ်ပြန်မှုအရ နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း တစ်သန်း ကျော်ရောင်း ချပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။
တယ်လီနောဆင်းမ်ကတ်ဒ်များ ထွက်ရှိလာပြီးနောက် အူရီးဒူးကတ်ဒ်များကို လူစိတ်ဝင်စားမှု လျော့ကျ သွားသည်။
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) နည်းပညာလောကမှ သမိုင်းတွင်ခဲ့သည့် ဟောကိန်း အလွဲများ Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) ကျွန်တော် Kingfisher ငှက်များကို ဓါတ်ပုံ ရိုက်ရာတွင် Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)