Display များ တပ်ဆင်ထားသော လေယာဉ်ပျံများကို တီထွင်နေ
ဗြိတိန် အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ် သည့် Centre for Process Innovation (CPI) က ဖောက်ထွင်း မြင်ရသော Display များ တပ်ဆင် ထားသည့် လေယာဉ်ပျံကို တည်ဆောက်နေ ပါ သည်။ လေယာဉ်တွင် ကွေးညွှတ်နိုင်သော High-Definition Screen များ တပ်ဆင်ထားပြီး ခရီးသည်များ အနေဖြင့် ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှု ခံစားနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ လေယာဉ်ပျံ များကို ပြင်သစ် အခြေစိုက် ကုမ္ပဏီ တစ်ခုကလည်း တီထွင်နေပြီး ဂျက်လေယာဉ် အတွက် ဒီဇိုင်းကို ပြုလုပ်ပြီး ဖြစ်သည်ဟု သိရပါသည်။ CPI က လေယာဉ်ပျံကို လာမည့် ဆယ်နှစ်အတွင်း တည်ဆောက်နိုင်မည်ဟု ယုံကြည်နေပါသည်။
လေယာဉ်၏ ပြင်ပတွင် ကင်မရာများ တပ်ဆင်ထားပြီး ရှုခင်းများကို ရိုက်ကူး၍ Display များတွင် ပြသ မည် ဖြစ်သည်။ တီထွင်သူများက ခရီးသည်များ အနေဖြင့် Panoramic View ကို ခံစားနိုင်မည်ဟု ပြောပါ သည်။ ရှုခင်းကို ပိတ်ဆို့ထားသော လေယာဉ် တောင်ပံများနှင့် အင်ဂျင်များကို မမြင်ရဟု သိရပါသည်။ ခရီးသည်များက Display Settings များကို ပြောင်းလဲနိုင်ပြီး လေယာဉ် ၀န်ဆောင်မှုများအတွက်လည်း Display များကို အသုံးပြုနိုင်ပါသည်။
လေယာဉ်တွင် နည်းပညာမြင့် OLED Screen များကို တပ်ဆင်ထားမည် ဖြစ်ပြီး သက်တမ်းကြာရှည်စေရန် အလွှာတစ်ထပ်ကို ဖုံးအုပ်ထားမည် ဖြစ်သည်။ Display များကြောင့် လေယာဉ်သည် ပိုမို ပါးလွှာပြီး ပေါ့ ပါးစေ သကဲ့သို့ လက်ရှိ လေယာဉ်များထက် ပိုမို မာကျောမည် ဖြစ်သည်။ အလေးချိန် ပေါ့ပါးလာသည့် အတွက် လောင်စာဆီ သက်သာလာပြီး ခရီးစရိတ် သက်သာစေမည် ဖြစ်သည်။
http://wp.me/p53MHN-dT
Myanmar Digital Life Journal --------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ၾသစေတ်းလ် ဆရာ၀န္မ်ားက အသက်မရှိသော လူ၏ နှလုံးကို နှလုံးဝေဒနာရှင်တွင် အစားထိုးနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အခြေခံပညာ ကျောင်းများနှင့် အင်္ဂလိပ်စာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'