ၾသစေတ်းလ် ဆရာ၀န္မ်ားက အသက်မရှိသော လူ၏ နှလုံးကို နှလုံးဝေဒနာရှင်တွင် အစားထိုးနိုင်
ၾသစေတ်းလ် ဆရာဝန် များက အသက် မရှိသော လူ၏ နှလုံးကို ရယူကာ နှလုံးဝေဒနာရှင် ၏ နှလုံးနှင့် အောင်မြင်စွာ အစားထိုးနိုင်ခဲ့သည်ဟု သိရပါသည်။ အဆိုပါ ဆေးသိပ္ပံ ပညာသည် ကမ္ဘာ့ ပထမဆုံး ဖြစ်ပြီး ကိုယ်တွင်း အင်္ဂါများ လှူဒါန်း သည့် ဖြစ်စဉ်ကို ဆန်းသစ်ပြောင်း လဲနိုင်တော့ မည် ဖြစ်သည်။
ယခင်ကမူ ဦးနှောက်သေနေသော လူနာထံမှ ရှင်သန်နေသော နှလုံးများကို ရယူကာ နှလုံးဝေဒနာ ရှင်၏ နှလုံးနှင့် လျှင်မြန်စွာ အစားထိုး လဲလှယ်ရခြင်း ဖြစ်ပါသည်။ ယခုမူ သြစတျေးလျနိုင်ငံ ဆစ်ဒနီရှိ St Vincent Hospital နှင့် Victor Chang Cardiac Research Institute တို့ ပူးပေါင်းပြီး မိနစ်နှစ်ဆယ် ကြာ သေဆုံးနေသော နှလုံးကို ပြန်လည်ရှင်သန်နိုင်သော ဆေးသိပ္ပံ နည်းပညာကို တီထွင် လိုက်ခြင်း ဖြစ် ပါသည်။
အဆိုပါ နည်းလမ်းဖြင့် နှလုံးဝေဒနာရှင် သုံးဦးကို နှလုံးအစားထိုးပေးခဲ့ပြီး နှစ်ဦးမှာ ပြန်လည် ကျန်းမာနေပြီဖြစ်ပြီး ကျန်တစ်ဦးမှာမူ အထူးကြပ်မတ်ကုသ ရသည့် အခြေအနေမှာ ရှိနေသည်ဟု သိရပါသည်။
မည်သည့် နေရာတွင် သေဆုံးသည်ဖြစ်စေ အချိန်အနည်းငယ်အတွင်း ဆေးရုံသို့ ရောက်ရှိ လာပါက နှလုံးနှင့် အခြား ကိုယ်တွင်း အင်္ဂါများကို ပြန်လည် ရှင်သန်စေရန် ပြုလုပ်နိုင်တော့မည်ဟု ဆစ်ဒနီရှိ New South Wales တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Kumud Dhital ကပြောပါသည်။
အဆိုပါ နည်းပညာအရ လှူဒါန်းထားသော အသက်မရှိတော့သည့် နှလုံးကို “heart in a box” ဟု အမည်ရသော သယ်ယူ၍ရသည့် စက်တစ်ခုအတွင်း ထားရှိရမည် ဖြစ်သည်။ စက်က နှလုံးကို ပြန်လည် ရှင်သန်စေရန် ပြုလုပ်မည် ဖြစ်သည်။ ထို့နောက်တွင် နှလုံးဝေဒနာရှင်တွင် အစားထိုးပေးမည် ဖြစ်သည်။
http://wp.me/p53MHN-dD
https://www.facebook.com/MyanmarDigitalLife
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အီဘိုလာနှင့် မိုဘိုင်း နည်းပညာ အားပြိုင်ခြင်း Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) Display များ တပ်ဆင်ထားသော လေယာဉ်ပျံများကို တီထွင်နေ Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)