Laughing when tickled ကလိထိုးရင် ဘာလို့ ရယ်ချင်သလဲ
ကိုယ်ခန္ဓာရဲ့ တချို့နေရာတွေက အရေပြားကို မထိတထိ ကလိလိုက်ရင် ရယ်ချင်ကြတယ်။ ဘာလို့လဲ ဆိုတော့ အရေပြားရဲ့ ထိပ်ဆုံးအလွှာ ‘အပီဒါးမစ်’ မှာရှိတဲ့ အာရုံကြောတွေက ဦးနှောက် ဆီကို လျှပ်စစ် အချက်ပြပေး ပို့လို့ ဖြစ်ပါတယ်။ ဦးနှောက်ထဲက Somatosensory cortex နေရာကနေ ဖိအားကို သိလာ မယ်။ နောက် Anterior cingulated cortex နေရာကလဲ အချက်ပြမှုတွေကို သုံးသပ် ပါတယ်။ ဒီနေရာတွေက Pleasurable feelings သာယာမှု ခံစားချက်ကို ရစေတယ်။
ဖြေးဖြေးပြောင်းလဲဖြစ်စဉ် ဇီဝဗေဒ ပညာရှင်တွေနဲ့ အာရုံကြော သိပံ္ပပညာရှင်တွေက ယုံကြည်ကြတာက ကလိထိုး ခံရသူဟာ ဦးနှောက်ရဲ့ ‘ဟိုက်ပိုသဲလ်မတ်စ်’ နေရာကနေလဲ နာကျင်မှုဆန်တဲ့ ခံစားမှုကို သိလာ တယ်လို့ ဆိုကြပါတယ်။
အထိမခံချင်တဲ့ နေရာတွေဖြစ်တဲ့ ချိုင်း၊ လည်ချောင်းနား၊ ခြေဖဝါးနား (မှတ်ချက်၊ သတင်းထဲမှာ ကျွန်တော်တို့ လူမျိုးတွေ အများဆုံး ယားတတ်တဲ့ ခါးနေရာမပါပါ) နေရာတွေက ကာကွယ်ရေး လုပ်ကြလို့ဖြစ်ပါတယ်။ အဲလိုနေရာတွေကို မထိတိ အထိခံရရင် “ကျနော်-ကျမတော့ နှိပ်စက်တာ ခံနေရပါပြီ” လို့ အချက်ပြပို့ပါ တယ်။ ကိုယ်ခန္ဓာ တောင့်တင်း လိုက်ပြီး မနာရအောင် ကာကွယ်ရေး လုပ်လာပါမယ်။
ဂေါ်ရီလာတွေကလဲ လူတွေလို ရယ်တယ်။ ကြွက်တွေကလဲ အတူတူပေမဲ့ 50kHz သာရှိလို့ လူတွေက မကြား ရပါ။
ဒါဖြင့် ကိုယ့်ဖါသာကော ကလိထိုးလို့ မရဘူးလား။ ဦးနှောက် အောက်-နောက်နားမှာ ရှိတဲ့ ‘ဆယ်ရီ ဘယ်လမ်’ ကနေ “အဲတာ မင့်ဟာမင်း လုပ်နေတာ အချိန်ကုန် ခံမနေနဲ့” လို့ အသိပေးလို့ မရယ်ချင် တာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၉-၁၁-၂ဝ၁၄
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပုဇွန်ဆိတ် ပဲပုပ် စပ်ဆီးစိမ်းအုပ် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့
- (အနောကျသို့) Neonatal jaundice မွေးစကလေး အသားဝါခြင်း ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့