သင့်ကလေးကို ထိခိုက်လွယ်သော စကားများ
တစ်ခါတစ်လေ စကား တစ်ခွန်းကြောင့် ကလေးဘ၀ တစ်ခုလုံးကို ထိခိုက် သွားတာမျိုး ရှိတတ်ပါတယ်။ အောက် ပါ စကားများကို သင်ပြောမိတာမျိုး ရှိတတ် ပါသလား စမ်းစစ်နိုင်အောင် တင်ပေး လိုက်ပါတယ်။
၁။ အလကားကောင် အသုံးမကျတဲ့ကောင်
မိဘများ အထူးဆင့်ခြင် သင့်ပါတယ်။ ကလေးဆိုတာမျိုးက မိဘရည်ညွန်းသလို ဖြစ်တတ် သွားပါ တယ်။ အော.. ငါ့အဖေကငါ့ကို အလကားကောင် လို့ပြောနေပါလား ငါတကယ်ပဲ အသုံးမကျ တဲ့ကောင်ဖြစ်နေတာပဲ စသည်ဖြင့် ကလေးကို အသိဝင်သွားစေ တတ်ပါတယ်။
၂။ မင်းပါးစပ် ပိတ်ထားစမ်း
မင်းပါးစပ် ပိတ်ထားစမ်း၊ မင်းဘာလို့ မိဘစကားကို နားမထောင်တာလဲ စကားနားထောင်ခြင်း ဆိုတာ နာခံခြင်းကို ကိုယ်စားပြုနေ တတ်ပါတယ်။ တကယ်လို့ ကလေးက မိဘပြောတိုင်း ဒါအမှန်ပဲ၊ ငါ့အဖေ အမေတောင် ဒီလိုပြောတာ အကုန်လုံး မှန်တယ်လို့ အထင်ရောက် သွားစေခဲ့ရင် ကလေးစဉ်းစားဥာဏ် ထိုင်းသွားစေနိုင်ပါတယ်။ ကလေးကို ငြင်းဆိုခွင့် သူ့အမြင် သူတင်ပြပိုင်ခွင့် ပေးထားသင့်ပါ တယ်။ ဖေဖေ ပြောတာ သားကောင်းဖို့အတွက် ဆိုပေမဲ့လို့ အားလုံး မှန်ချင်မှမှန်မှာ၊ သားပြန်စဉ်းစားကြည့်၊ မှန်တယ်ဆိုရင် လက္ခံလိုက်၊ ဖေဖေပြောတဲ့ အတိုင်း လုပ်လိုက်၊ အဲလိုပြောရင် ကလေးက ပိုလက္ခံတတ်ပြီး စဉ်းစားခိုင်းရာလည်း ကျပါတယ်။
၃။ ငါမရဘူးဆိုရင် မရဘူးပဲ
မိဘသြဇာပြတာပါ။ မှားမှားမှန်မှန် ဒီအိမ်မှာ ဒါပြီးမှပြီးတယ် ဆိုတဲ့ သဘော ဆောင်ပါတယ်။ တစ်ချက်လွတ် အမိန့်သုံးတတ်တဲ့ မိဘမျိုး ပြောလေ့ရှိပါတယ်။ တစ်အိမ်သားလုံး ကိုယ့်ကို ကြောက်နေတာမျိုးကို ဂုဏ်ယူ တတ်တဲ့ လူစားမျိုး ဖြစ်နေ တတ်ပါတယ်။ ကြောက်ခြင်းဟာ ယုံကြည်လေးစားခြင်းကို ကိုယ်စားလုံးဝ မပြုတာကို သတိပြုသင့်ပါတယ်။
၎။ မင်းငါတို့ နဲ့ မဆိုင်တော့ဘူး၊ မင်းလုပ်ချင်သလိုလုပ်တော့
သားသမီးကို စိတ်ပျက်ပြီ ဆိုတဲ့ သဘောမျိုးနဲ့ ပြောတဲ့စကားမျိုးပါ။ တစ်ခုခုကို လုပ်ခိုင်းလိုက်လို့ ကလေးကို ဘယ်လိုနည်းနဲ့မှ ဖျောင်းဖြလို့ မရတော့တဲ့ အခါမျိုး မှာ သုံးစွဲတတ်ပါတယ်။ မိဘက ကိုယ့်ကို စိတ်ကုန် သွားပြီလို့ ကလေး အထင်ရောက် သွားစေပါတယ်။ ကလေးစိတ်ဓါတ် ကျလွယ်စေ တတ်ပါတယ်။
၅။ မင်းအမှတ် (၁၀၀ ) ရရင် ဘာဘာဝယ်ပေးမယ်
အပေးအယူ လုပ်တာပါ။ မင်းငါ့ကို ဒါရအောင် လုပ်ပေးရင် မင်းကို ဒါလုပ်ပေးမယ်ဆိုတဲ့ သဘောမျိုး ကိုဆောင်ပါတယ်။ အဲဒီအမှတ်မှ မရရင် ၀ယ်မပေးနိုင်တဲ့ သဘော၊ မိဘက ၀ယ်မပေးချင်လို့ အဲလိုပြောတာ မျိုး အထင်ရောက် သွားစေပါတယ်။ ကြိုးစားခြင်းဆိုတာ ကလေးရဲ့တာဝန်လို့ ကလေးကို သိစေသင့်ပါတယ်။ မိဘအတွက် ကြိုးစားတာမျိုး မဖြစ်သင့်ပါဘူး။
၆။ ကလေးချင်း အတူတူပဲ မင်းဘာလို့ သူများလောက် မထူးချွန်တာလဲ
ကလေးဆိုတာ ကိုယ့်အရည်အချင်း နဲ့ ကိုယ်ရှိတတ်တာမို့ သူများကလေးနဲ့ နိုင်းနိုင်းပြီး မဆုံးမသင့်ပါဘူး။ အခြားကလေးတွေ နဲ့ ခိုင်းနိုင်းပြီး ကလေးကို ဆုံးမတာလောက် ကလေးကို စိတ်ထိခိုက်စေတာမျိုး မရှိတော့ ပါဘူး။
Ref: Wechat
https://www.facebook.com/aung.k.latt.5?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကေလးကို တိုးတက်ချင်စိတ် ရှိအောင် ဘယ်လို ပျိုးထောင်ရမလဲ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) MM Unicode Installer for Huawei Devices Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ