မူလတန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ကျောင်းဝတ်စုံ အခမဲ့ပေးမည်
![]() |
www.griffin.tylerisd.org |
ပညာရေး ဝန်ကြီးဌာန၏ မသင်မနေရ အခမဲ့ပညာရေး စီမံကိန်း အရ လာမည့် ပညာသင်နှစ်မှ စပြီး မူလတန်း အဆင့် ကျောင်း သား၊ ကျောင်းသူတိုင်းကို ယခု အခမဲ့ ထောက် ပံ့ပေးနေ သည့် ပြဋ္ဌာန်း စာအုပ်နှင့် ကျောင်းဝင်ကြေး အပြင် ကျောင်းဝတ်စုံ ကိုပါ ထပ်လောင်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။
နေပြည်တော် MICC ခန်းမတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပသော ကမ္ဘာ့အမျိုးသမီးဖိုရမ် ဆွေးနွေးပွဲ တွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခ အခမဲ့အပြင် ဗလာစာအုပ် ၆ အုပ်နှင့် ငွေကျပ် တစ်ထောင်ကိုပါ ထောက်ပံ့ပေးရာ လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကစပြီး ငွေကျပ် တစ်ထောင် အစား ကျောင်းဝတ်စုံ တစ်စုံစီ ပံ့ပိုးမည်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံ အရွယ်အစားသုံးခု ခွဲခြားချုပ်လုပ်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ထမ်း တစ်ဦးက ရှင်းပြသည်။
“အရင်တုန်းကတော့ စာအုပ်စာတမ်းနဲ့ ခဲတံဖိုး ငွေတစ်ထောင် ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ အဲဒီငွေ တစ်ထောင်က မုန့်စားတာနဲ့လည်း ကုန်သွားနိုင်တယ်။ အဲဒါကြောင့် ရေရှည်ကောင်းမွန်မယ့် ကျောင်းဝတ်စုံ ကို ပေးဖို့ ဖြစ်လာတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပညာရေး ဝန်ကြီးဌာန ဘက်ကလည်း လာမည့် ဘဏ္ဍာနှစ်များတွင် အသုံးစရိတ်ကို ၈ ရာခိုင်နှုန်းထိ တိုးမြှင့်ပြီး ကျောင်းထွက်နှုန်း လျော့ကျရေး၊ ကျောင်းအဆောက်အအုံနှင့် ဆရာ၊ ဆရာမ လိုအပ်ချက် ဖြည့် ဆည်းခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ရှင်းပြသည်။
“တရားဝင် အော်ဒါတော့ မကျသေးဘူး။ ဒီနှစ် ဘတ်ဂျက် (Budget) တောင် မကုန်သေးဘူး ဆိုတော့ နောက်နှစ် ဘတ်ဂျက် (Budget) အတွက် လူကြီးတွေ စီစဉ်နေတာပဲ ဖြစ်မှာပါ” ဟု ရန်ကုန်မြို့တော်ရှိ အထက်တန်း ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြောကြားသည်။
ယခင် ပညာရေး ဝန်ကြီးဌာနဘက်က မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတိုင်းကို ငွေကျပ် တစ်ထောင် ထောက်ပံ့စဉ်က အချို့ကျောင်းသားများတွင် ထောက်ပံ့ကြေး နောက်ကျမှ ရရှိခြင်းနှင့် လုံးဝ မရရှိခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။
“လက်ထဲရောက်လာမှ သေချာမှာပေါ့ဗျာ။ ပေးရင်တော့ ကောင်းတာပေါ့” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျောင်းသား မိဘတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း စာရင်းများအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တွင် မူလတန်းကျောင်းသား၊ ကျောင်းသူဦးရေ ၅၁ သိန်းကျော် ရှိပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၏ သုတေသန စာတမ်းများအရ သိရှိရ သည်။
The Voice Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) {ROOT}[CF-AUTO ROOT]Samsung Galaxy S3 Neo GT-I9300I / GT-I9301I version 4.4.2 ROOT ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) Adobe Lightroom အခြေခံအသုံးပြုနည်း (၂) ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..