ဆားနှင့်သကြား စားသုံးမှုဆိုင်ရာ အငြင်းပွားမှုဖြစ်ပေါ်
By သမန်းကျား
အမေရိကန် ပြည်ထောင်စုတွင် သကြားသည် ဆားထက် နှလုံး ကျန်းမာရေးကို ပို ထိခိုက်စေနိုင်ပြီး သွေးတိုးရောဂါ ကိုလည်း ပို၍ ဆိုးဝါးစေသည်ဟု ထုတ်ဖော်ပြောကြား လာသော သိပ္ပံပညာရှင်များနှင့် အခြား သိပ္ပံပညာရှင်များ အငြင်းပွားနေကြ ကြောင်း သိရသည်။
နှလုံးနှင့်သွေးတိုးရောဂါတို့ ကို ထိန်းချုပ်ရာတွင် အထောက်အကူပြုရန် ဆား စားသုံးမှုနှုန်းလျော့ချခြင်းက သံသယပွားဖွယ် ဖြစ်နေပြီး အမှန်တစ်ကယ်တွင် သကြားစားသုံးမှုနှုန်းကိုသာ လျော့ချရန် ပို၍အာရုံထား သင့်သည်ဟု အမေရိကန် ကျွမ်းကျင်ပညာရှင်များက ဆိုရာဝယ် အခြားသုတေသီများက ဆားကိုလျော့စားရန် မလိုအပ်ဟု ပြောသောသိပ္ပံပညာရှင် များသည် အမှန်တရားကို သိလျက်နှင့် ချိုထားခြင်းဖြစ်ကြောင်း၊ သိပ္ပံ အထောက်အထားများအရ မပြောသင့်ဘဲ ပြောခြင်း ဖြစ်ကြောင်း၊ ဆားနှင့်သကြား (၂)မျိုးလုံးကို လျော့ချစား သုံးရန် လိုကြောင်း ပြောဆိုငြင်းခုန်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ St Luke’s Mid America Heart Institute နှင့် Montefiore Medical Centre တို့ မှ သုတေသီများက တိရိစ္ဆာန်နှင့်လူသားတို့ အပေါ်ပြုလုပ်ခဲ့သော အခြေခံ သိပ္ပံစမ်းသပ်မှုများအရ သကြား သည် fructose ဓါတ် ပေါ်ကြွယ်ဝပြီး သွေးတိုးရောဂါကို ပို၍ဆိုးဝါးစေနိုင်ကာ နှလုံးကိုလည်း ဆားထက် ပို၍ ထိခိုက်စေနိုင်ကြောင်း ကောက်ချက်ချခဲ့သည့်အပြင် ဆားစားသုံးမှုကို လိုအပ်သည် ထက်လျော့ချပါ က ကောင်းကျိုးထက် ဆိုးကျိုးပိုလာနိုင် ကြောင်း၊ အစားအစာများကို ဆားလျော့ထည့်ကာ ချက်ပြုတ်ခြင်းကြောင့် အစားပိုစား လာကြကြောင်း ပြောသည်။
သို့ သော် University of Warwick မှ ပရော်ဖက်ဆာ Francessco Cappuccio က သကြားပဲလျော့စား ရမယ်ဆိုတာ တော့ သိလျက်သားနဲ့ ချိုပြောထားတာပါ။ နှလုံးရောဂါကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ ဆားရော၊ သကြားပါ လျော့စားဖို့ လို ပါတယ်။ အခုလို ဆားကနေ သကြားကို ပြောင်းပြီး အာရုံစိုက်ဆွေးနွေးနေရ တာမျိုးက သိပ္ပံလောကမှာ မရှိသင့်၊ မဖြစ်သင့်တဲ့ ကိစ္စပဲမို့  ကျွန်တော်တို့ ဒါကို မထောက်ခံပါဘူးဟု ပြော သည်။
နောက်ထပ် ပရော်ဖက်ဆာ တစ်ဦးကလည်း ဆားလျော့စားပြီး ကိုယ်အလေးချိန်လျော့ချ မယ်ဆို ရင် သွေးပေါင်ချိန်ကို လည်း ကျဆင်းစေပါတယ်။ ဒါပေမယ့် သကြားပိုစားလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေ က ပြင်းထန်ပါတယ်ဟု ပြောသည်။
UK မှာ အစားအသောက်ထုတ်လုပ်ရေးသမားတွေက ဆားကိုလျော့ပြီးသုံးလာကြတယ်။ ဒါကြောင့်လည်း UK တ၀ှမ်းလုံး မှာ သွေးတိုးရောဂါကို ထိန်းချုပ်နိုင်လာတယ်။ ဒါပေမယ့် အချိုရည်၊ မုန့် တိုက်ထုတ်မုန့် ၊ ကိတ်မုန့် နဲ့ အခြား ဖျော် သောက်လို့ ရတဲ့ အရာတွေအားလုံးမှာ သကြားကိုလျော့သုံးတာမျိုး မရှိသေးဘူး။ ဒီလောကသားတွေကလည်း သကြားကို လျော့သုံးပေးမယ်ဆိုရင် ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူပြုသွားမှာပါဟု ပြောသည်။
သို့ ဖြစ်၍ ဆားကိုဖြစ်စေ၊ သကြားကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ၊ လျော့စားပေးပါက ကျန်းမာရေးအတွက် အကျိုးရှိသည်သာ ဖြစ်သောကြောင့် လူအများစုက ဆားနှင့်သကြား နှစ်မျိုးလုံးကို လျော့စားရန် ရွေး ချယ်နေကြသည်ဟု သိရသည်။
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အတိုက်အခံပြောဆို တတ်သူများကြောင့် ဆုံးဖြတ်ချက်ကောင်းများ ချမှတ်နိုင် ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) Facebook တွင် dislike ခလုတ် ထည့်သွင်းရန် စဉ်းစားနေကြောင်း မာ့ခ်ဇူကာဘက်ခ် ပြောကြား ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ