အပြစ်အနာဆာကင်းစင် အသားအရေကြည်လင်



(၁) မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ပါ။
သင်ဟာ အဆိုတော် ရုပ်ရှင်မင်းသမီး မော်ဒယ် တစ်ယောက်မဟုတ်သော်လဲ၊ ပတ်ဝန်းကျင်နှ င့် နေ့ စဉ်မြင်ေ တွ့ ဆက်ဆံနေရ သူမို့  အသားအရေထိန်းကရင်မ်လိမ်းခြင်း၊ မိတ်ကပ်အလှပြု ပင်ခြင်း၊ မျက်နှာပေါ်ရှိ အလှပြင်ခြယ်သထားတာတွေကို ချေးညှော် ကင်းစင်အောင် ပြန်လည် ၍ ဆေးကြော သန့် စင်ခြင်း …စသည်ဖြင့် တစ်ကိုယ်သန့် ရှင်းရေးအသိဖြင့် နေ့ စဉ်နေ့ တိုင်း မိမိကိုယ်ကို ဂရုတစိုက်ပြင် ဆင်ပေးရပါမယ်။ ရေနွေးမသုံးဘဲ ရေအေး(ရိုးရိုးရေ)သာ သုံးပါ။

(၂) ဆပ်ပြာပြင်းပြင်းမသုံးပါနဲ့ ။
ဥပမာ ဗီတာမင်စီ များများပါသောဆပ်ပြာများ၊ ဓာတုပစ္စည်းပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာတွေက မျက်နှာပေါ် က အဆီတွေကိုတိုက် စားခမ်းခြောက်ပစ်ပါတယ်။ ဒါကြောင့် မိမိအသားအရေ အမျိုး အစားနှင့် လိုက်ဖက် မည့် ခပ်ပျော့ပျော့ မျက်နှာသစ်ဆပ်ပြာကိုသာ ရွေးချယ်ပါ။ မျက်နှာ သစ်ပြီးေ နာက် မျက်နှာကိုရေမသုတ်ဘဲ ထားခြင်းက အသားအရေကိုခြောက်သွေ့ စေပါတယ်။ ဒါကြောင့် မျက် နှာသစ်ပြီးတိုင်း မျက်နှာသုတ် ပုဝါ နုနုဖြင့် ခပ်ဖွဖွရေစင်အောင် သုပ်ပေးသင့် ပါတယ်။

(၃) အလှပြင်ဆိုင်သွားပါ။
အလှပြင်ဆိုင်သွား၍ ၂-ပတ် တစ်ကြိမ်လောက် မျက်နှာဂျီး(ချေး)ချွတ်ပါ(သို့ မဟုတ်)တစ်လ တစ်ကြိမ်လောက် မျက်နှာပေါင်းတင် ပါ(သို့ မဟုတ်)နှစ်လတစ်ကြိမ်လောက် scrub လုပ်ပါ(သို့ မဟုတ်) သုံးလတစ်ကြိမ်လောက် မျက်နှာကို ရွှေ/ဖယောင်း/ပုလဲသွင်း ပါ။

(၄) မျက်ကွင်းညိုလေ့ ရှိပါသလား ?
မျက်ကွင်းညိုလေ့ရှိသူများက ဆားများ၊ အငန်အစားအစာများ၊ အရက်သေစာများ၊ ကော်ဖီ နှင့် ကဖိန်းဓာတ် များသော အချိုရည် များကိုရောင်ရှားပါ။ ညအိပ်ယာဝင်ခါနီး မျက်လုံးတ၀ိုက်လိမ်းရေ သာ ဂျယ်လ်(gel)ကို ညင်ညင်သာသာလိမ်းအိပ်ပါ(သို့ မဟုတ်) ရေခဲအိတ်မျက်မှန်ကပ်ခြင်း၊ စတီး လ်ဇွန်းကိုရေခဲသေတ္တာထဲထဲ့ အအေးခံ၍ကပ်ခြင်း၊ ရေစိမ်ထားသော လ္ဘက်ခြောက်ထုပ်ကို ကပ် ပေးခြင်း စသည်ဖြင့် အဆင်ပြေသလို ပြု လုပ်နိုင်ပါတယ်။

(၅) အရည်အသွေးကောင်း ပစ္စည်းသုံးပါ။
အသားအရေတင်းရင်းကာ စိုပြည်ဝင်းပစေဖို့ အတွက် အောက်ခံကရင်မ်ကို မဖြစ်မနေသုံးပေး သင့်ပါတယ်။ မိတ်ကပ်၊ အောက်ခံ ကရင်မ်၊ ပေါင်ဒါ၊ ကရင်မ်ပပ်ဖ်များက အထိုက်အလျောက် တန်ဖိုးထား၍ ပေးဝယ် ရသော်လဲ၊ မျက်နှာပေါ်တာရှည်ခံမယ်… မိမိအ သား အရေနှင့်လိုက်ဖက် မယ်…တင့်တယ်လှပနေမယ် ဆိုရင်…၀ယ်သုံးရကျိုးနပ်ပါတယ်။ ဈေးတွက် တွက်ကြည့်တဲ့အခါမှာ လည်း မိတ်ကပ်တစ်ဗူးဟာ အနည်းဆုံး ၃-လလောက်သုံးရတာမို့ တွက်ချေကိုက်ပါတယ်။ သို့ေ သာ် အနံ့ မပြယ် ဓာတ်မပြယ်စေဖို့  သက်တမ်းလွန် ပစ္စည်းတော့ မသုံးမိပါစေနဲ့ ။

(၆) စိတ်ဖိစီးမှုတွေကို လျော့နိင်သမျှလျော့ပါ။
စိတ်ဖိစီးမှုပြဿာနာများက အသားအရေအတွက် အဓိကရန်သူဘဲဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပေါ် အရေးကြောင်းမထင်စေ ဖို့ ၊ မညစ်နွမ်းစေဖို့ ၊ ကြည်လင်ဝင်းပစေဖို့ ၊ ၀က်ခြံမထွက်စေဖို့ အတွက် စိတ်ဖိစီးမှုတွေကို လျော့နိုင်သမျှလျော့ချပေးပါ။

(၇) ကျန်းမာစွာ စားပေးပါ။
ရေများများသောက်ပါ။ အဆီ နှင့် အငံတွေလျော့စားပါ။ ဗီတာမင်စီကြွယ်ဝတဲ့ သီးနှံများ၊ အမျှင်ဓာတ်ကြွယ် ၀တဲ့ ဟင်းသီးဟင်းရွက်များ၊ ကောက်နှံ အစေ့အဆံများစားပေးပါ။

(၈) သတိပြု၍ အမွှေးရိတ်ပါ။
အမျိုးသားများ မျက်နှာပေါ်က အမွှေးမရိတ်ခင် ဆပ်ပြာအမြုပ်(သို့ မဟုတ်)အမွှေးရိတ်ကရင်မ် (သို့ မဟုတ်) လိုးရှင်း(သို့ မဟုတ်) ဂျယ်လ်တစ်ခုခုလိမ်းပြီးမှ အမွှေးရိတ်တံထက်ထက်ဖြင့် ရိတ်ပေးသင့်ပါတယ်။ မွှေး ညှင်းလားရာအတိုင်း အလိုက်သင့်ဆွဲ၍ ရိတ် ပေးပါ။ အကယ်၍ အမွှေးလားရာနဲ့ ပြောင်းပြန်လှန်ပြီးရိတ် မိတဲ့အခါ ဓားစိုက်ခြင်း၊ အမာရွတ်ထင်ကျန်ရစ်ခြင်း၊ အရေပြားတွန့်  ခြင်း..စတဲ့ မလိုလားအပ်တာတွေဖြစ် လာနိုင်ပါတယ်။ အမွှေးရိတ်ပြီးတဲ့အခါမှာလည်း အယ် လ်ကိုဟောလ်ပါတဲ့ သန့် စင်ရေကို မသုံးသင့်ပါဘူး။ မိမိအသားအရေ နှင့် လိုက်ဖက်တဲ့ နေေ ရာင် ကာ sun screen တစ်ခုခုကို သုံးပေးပါ။

(၉) ဆေးလိပ် အရက် ရှောင်ပါ။
အရက်က မျက်နှာအသားအရေကို ပွစိစိဖြစ်ကာ အဖုအထစ်ထစေသလို၊ စီးကရက်မီးခိုးငွေ့ များ ကလည်း အသားအရေညစ် ညမ်းခြင်း၊ အရေးအကြောင်းထင်ခြင်း၊ မျက်နှာပေါ်ရှိ ဆံချည်မျှင်ေ သွးကြောတွေကို အနှောင့်အယှက်ဖြစ်စေကာ သွေးလည်ပတ် စီးဆင်းမှုကို ပိတ်ဆို့ ပစ်တာေ ကြာင့် မျက်နှာအသားအရေ အရောင်မညီတော့ခြင်း၊ အသားအရေပေါ်ရှိ collagen နှင့် elastin ဓာတ်တို့ ကို ပျက်စီးစေကာ အသား အရေတွဲကျလာခြင်း စသည်ဖြင့် ဆိုးကျိုးများစွာဖြစ်စေ နိုင်ပါ တယ်။

(၁၀) နေမလောင်ပါစေနှင့်။
ခရမ်းလွန်ရောင်ခြည်ထဲမှာပါတဲ့ UVA က အသားအရေကို ဇရာအိုစောစေပြီး၊ UVB က နေေ လာင် ဒဏ်ဖြစ်စေပါတယ်။ ထိုပြ ဿနာတွေမှ ကင်းဝေးအောင် နေပူထဲမထွက်ခင် နေလောင်ကာ ကရင်မ် SPF 30 +++ ကိုလိမ်းပါ၊ ခရမ်းလွန်ရောင်ခြည် ကာ ကွယ်ပေးတဲ့ ရောင်ပြန်ထီးဆောင်းပါ၊ နေကာမျက်မှန်ကြီးကြီး တပ်ပါ။
*****************************
လူ့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိပ်အပိုင်းဟာ အရေပြားဖြစ်ပါတယ်။ ဒါကြောင့် အမြင်လည်း တင့်စေ ရွှင်လန်းချမ်းမြေ့စေဖို့ အတွက် ကျန်းမာသန့် စင်သော အသားအရေပိုင်ရှင်ဖြစ်အောင် ထိန်းသိမ်းကြပါစို့  လားရှင်။

(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)
--
promise.pauk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...