ပျားကောင်ရေ ငါးသိန်းကျော် ကိုယ်မှာ ဖုံးလွှမ်းပြပြီး ကမ္ဘာ့စံချိန်သစ်ထပ်တင်ဖို့ ကြိုးစား

ရှီပင်း ဆိုသူဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း ပျားကောင်ရေ လေးသိန်းခြောက်သောင်းကို ခန္ဓာကိုယ်အပြည့် ဖုံးလွှမ်းပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူပါ။ ဒီတစ်ခါမှာတော့ သူတင်ထားတဲ့ကမ္ဘာ့စံချိန်ကို ထပ်ချိုးဖို့ အတွက် ပျားကောင်ရေ ငါးသိန်းကျော် အသုံးပြုခဲ့ပါတယ်။
ဇနီးသည်နဲ့ ပျားမွေးသမားအဖော်ငါးယောက်ရဲ့ အကူအညီနဲ့ ခေါင်းကနေ ခြေထောက်အထိ ပျားတွေဖုံးလွှမ်းသွားဖို့ အတွက် မိနစ် ၄၀ ကျော်အချိန်ယူခဲ့ရပါတယ်။
“ အသက် ၂၂ နှစ်မှာ အပျော်ဆိုပြီး ဒီဟာကို အစမ်းစလုပ်ခဲ့တာပါ။ နောက်တော့ ကျွန်တော် တကယ့်ပျားရည် အစစ်တွေရောင်းမှန်း လူတွေ ယုံကြည်အောင်လို့ ပျားတွေကို ကိုယ်အပြည့်ဖုံးလွှမ်းပြခဲ့တာပါ” လို့ Chongqing ညနေခင်းသတင်းစာကို ရှီပင်းက ပြောပြခဲ့ပါတယ်။

“ နောက်ဆုံးတစ်ခါစံချိန်တင်တုန်းက ကျွန်တော့်ကိုယ်မှာ စုစုပေါင်း ပျားအုံ ၁၅ အုံစာ ဖုံးလွှမ်းပြခဲ့တယ်။ ဒီတစ်ခါတော့ ပျားအုံ ၂၈ အုံနဲ့ ကျွန်တော့်စံချိန် ကျွန်တော်ပြန်ချိုးပြမှာပါ” လို့ ရှီပင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပါတယ်။
Ref: Mirror.co.uk
Treand Myanmar
- (အရှေ့သို့) သတို့သားနဲ့ ဧည့်သည်တွေကို အဆိပ်ခတ် သတ်ခဲ့တဲ့ အရွယ်မမယ် သတို့သမီးငယ် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) နံနက်အိပ်ယာထ ချက်ချင်း ရေများများ သောက်ရင် ကျန်းမာရေးကောင်းတယ် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...