ကဖိန်းဓာတ်ပါသော ကော်ဖီများများ သောက်ခြင်းဖြင့် ဆီးချိုရောဂါ အမျိုးအစား ၂ အန္တရာယ် လျော့ကျစေ

photo:google

လေးနှစ်အတွင်း နေ့စဉ်ကော်ဖီတစ်ခွက်နှင့်အထက် ပုံမှန်သောက်သူများသည် ဆီးချိုရောဂါအမျိုးအစား ၂ အန္တရာယ် ၁၀ရာခိုင်နှုန်း ပိုမိုလျော့နည်းသည်ဟု အမေရိကန်သုတေသန ပညာရှင်များက လေ့လာတွေ့ ရှိခဲ့သည်။

အမေရိကန် Harvard School of Public Health မှ သုတေသန အဖွဲ့သည် ကဖိန်းဓာတ်ပါသော ကော်ဖီ၊ ကဖိန်းဓာတ်မပါသော ကော်ဖီ နှင့် ကဖိန်းဓာတ်ပါသော လက်ဖက်ရည် သောက်သုံးမှုများကို လေ့လာ ခဲ့ကြသည်။ ထို့နောက်တွင် သုတေသနပညာရှင်များသည် ၎င်းတို့၏ လေ့လာတွေ့ရှိမှုကို ဆီးချိုရောဂါလေ့ လာရေး ဥရောပအဖွဲ့၏ Diabetologia ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သုတေသနပညာရှင်များသည် လူပေါင်းတစ်သိန်းကျော်ကို နှစ် ၂၀ နီးပါးလေ့လာခဲ့ပြီး ကော်ဖီသောက် သုံးမှုနှင့် ဆီးချိုရောဂါတို့အကြား ဆက်နွှယ်မှုကို ထုတ်ဖော်ပြောကြားခဲ့သည်။ လေးနှစ်အတွင်း ကဖိန်း ဓာတ်ပါသော ကော်ဖီတစ်ခွက်နှင့် အထက် နေ့စဉ်ပုံမှန်သောက်သူများသည် ယင်းကော်ဖီပမာဏကို ပိုတိုးသောက်လျှင် ပုံမှန်သောက်သူများထက် ဆီးချိုရောဂါ အမျိုးအစား ၂ အန္တရာယ် ၁၁ ရာခိုင်နှုန်း ပိုနည်းသည်ဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

နေ့စဉ် ကဖိန်းဓာတ်ပါသော ကော်ဖီတစ်ခွက်နှင့်အထက် နေ့စဉ် ပုံမှန်သောက်သုံးမှု ပမာဏကို လျှော့ချ လိုက်လျှင် ဆီးချိုရောဂါ အမျိုးအစား ၂ အန္တရာယ် ၁၇ ရာခိုင်နှုန်း ပိုတိုးသွားကြောင်း သုတေသနပညာရှင်များ က လေ့လာတွေ့ရှိခဲ့သည်။

ကဖိန်းဓာတ်မပါသော ကော်ဖီသောက်သုံးမှုအား အပြောင်းအလဲလုပ်ခြင်းနှင့် ကဖိန်းဓာတ်ပါသော လက်ဖက်ရည် သောက်သုံးမှုအား အပြောင်းအလဲ လုပ်ခြင်းတို့သည် ဆီးချိုရောဂါ အမျိုးအစား ၂ အန္တရာယ် အပြောင်းအလဲနှင့် ဆက်စပ်မှုမရှိဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

‘‘ကဖိန်းဓာတ်ပါတဲ့ ကော်ဖီများများ သောက်ခြင်းဟာ ဆီးချိုရောဂါ အမျိုးအစား ၂ အန္တရာယ်လျော့ကျခြင်းနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အရင်သုတေသနတွေကို အခုတွေ့ရှိမှုက အတည်ပြုပေးတယ်။ နေ့စဉ် အဲဒီကော်ဖီသောက်သုံးမှုပမာဏကို လျှော့ချလိုက်ရင် ဆီးချိုရောဂါအမျိုးအစား ၂ အန္တရာယ် တိုးလာနိုင်ပါ တယ်’’ ဟု သုတေသန အဖွဲ့က ပြောကြားခဲ့သည်။

—Ref: UPI
7Day Daily
No.361 Sunday, April 27,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...