လမ်းအကွေ့၌ အရှိန်မထိန်းနိုင်သောယာဉ် တံတားဘောင်အားတိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ


နေပြည်တော်၊ ဧပြီ ၂၈

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၂/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်း အရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဘူတာလမ်းနေ ဇော်မင်းလေး (၃၃)နှစ် မောင်းနှင်လာသည့် 6G/xxxx မစ်ဆူဘီရှီ အပြာရောင်ယာဉ်သည် လမ်းအကွေ့၌ အရှိန်မထိန်းနိုင် ဘဲ တံတားဘောင်စွန်းအား တိုက်မိပြီး လမ်းမပေါ်သို့ လဲကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ဇော်မင်းလေးနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာနေ ဒေါ်စန်း(၅၁)နှစ်ပါ ကျား ၄ ဦး၊ မ ၉ ဦး၊ စုစုပေါင်း (၁၃)ဦးတွင် ဒဏ်ရာများ အသီး သီးရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့ တင်ပို့ကုသခဲ့ ရာ ဒေါ်စန်းမှာ ဆေးရုံသို့ အရောက်တွင် သေဆုံးသွား ခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင် သူ ဇော်မင်းလေးအား ဘောနီ အမြန်လမ်းရဲစခန်း ယာဉ်(ပ) ၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...