နွေရာသီမှာ ရင်အေးစေမည့် အစားအသောက်များ



ခုလို ပူပြင်းတဲ့ နွေရာသီမှာ လူရဲ့ခန္ဓာကိုယ်အတွင်း အပူချိန်ဟာ ၈၉.၆ ဒီဂရီထက်ကို ကျော်လွန်တတ်သည့် အတွက် ဆေးလောကအခေါ်အရ Heat Stress မြင့်တက်လာပြီး ခေါင်းမူဝေခြင်း၊ အော့အန်ချင် စိတ်ဖြစ်ပေါ်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အစာစားချင်စိတ်လျှော့နည်းလာခြင်းတို့ ဖြစ်တတ်ကြပါတယ်။

အပူချိန်မြင့်တက်နေချိန် ယခုလိုကာလမှာ ရေခဲရေများများသောက်ခြင်း၊ ရေနွေးပူပူ၊ ဟင်းပူပူ၊ စွပ်ပြုပူပူသောက်ခြင်း၊ ငရုပ်သီး၊ ငရုပ်ကောင်း၊ ဂျင်း၊ မျှစ်ချဉ်၊ ပတဲကော စသည်တို့ကို စားခြင်း၊ နေပူထဲ အမိုးအကာမပါပဲ သွားလာခြင်း၊ နေပူထဲ ဆော့ကစားခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ရပါမယ်။

ထိုအပူချိန်များ လျှော့ကျသွားအောင် ရေများများသောက်ခြင်း၊ တစ်နေ့ကို ရေပုံမှန် နှစ်ကြိမ် ချိုးပေးခြင်း၊ ရေ ဓါတ်ပါဝင်မှု မြင့်မားသည့် အစားအသောက်များကို စားသောက်ပေးခြင်းတို့ဖြင့် အပူချိန်များကို လျှော့ချပေးရ ပါတယ်။

ရေဓါတ်ပါဝင်မှု မြင့်မားပြီး နွေရာသီမှာ စားသောက်သင့်သည့် အစားအစာများကတော့...

၁။ သလဲသီး
၂။ သခွါးသီး
၃။ ဖရဲသီး
၎။ အုန်းစိမ်းရေ
၅။ သံပရာသီး
၆။ ဘိန်းစေ့၊ ဘိန်းမုန့် ၊ ဆနွင်းမကင်း
၇။ စမုံစပါး
၈။ နမ်း
၉။ ပူစီနံရွက်
၁၀။ မုန်လာဥဖြူ
၁၁။ နွားနို့ 

စသည်တို့ဖြစ်ပါတယ်။ ၄င်းအစားအသောက်များသည် ခန္ဓာကိုယ်တွင်း အပူချိန်များကို အကာ အကွယ်ပေးနိုင်သော အစားအသောက်များဖြစ်ပါသည်။

နွေရာသီမှာ အပူဒဏ်များကို ကာကွယ်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Foods that keep you cool in summer.

ကျန်းမာရေးသတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...