လက်ထပ်မယ်လို့ရည်ရွယ်ထားကြတဲ့ အဆိုတော် Elton John နဲ့ David Furnish (ရုပ်ရှင်ထုတ်လုပ်သူ)တို့လိင်တူစုံတွဲ

Sir Elton John နဲ့ David Furnish တို့နှစ်ဦးဟာ လက်ထပ်ဖို့ တာဝန်ရှိနေတယ်လို့ ယုံကြည်နေကြပါတယ်။
သူတို့စုံတွဲဟာ ၂၀၀၅ ခုနှစ်က ချစ်ကြိုက်ခဲ့တာဖြစ်ပြီး အခုအခါ UK နိုင်ငံမှာ လိင်တူလက်ထပ်ခွင့် တရားဝင်ဖြစ်လာတဲ့အတွက် သူတို့နှစ်ဦး လက်ထပ်ဖို့စီစဉ်နေ ကြပြီဖြစ်ကြောင်း David Furnish ကပြော ပါတယ်။
“Elton နဲ့ ကျွန်တော် လက်ထပ်ပါမယ်။ လူသိများတဲ့ စုံတွဲဖြစ်တာကြောင့်ရယ်။ ဒါဟာကျွန်တော်တို့ရဲ့ တာဝန်လို့ ခံစားရလို့ပါ။ ဒီနိုင်ငံထဲက လိင်တူနှစ်သက်တဲ့ယောကျာ်းတိုင်း ဒီလိုဖြစ်လာမယ်ဆိုတာကို ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဘူးတာကို လူတွေသိစေဖို့ပါ။ လိင်တူစုံတွဲတွေ ဆက်ပြီး သိက္ခာရှိရှိ နဲ့ပေါင်းသင်းနိုင်တယ် လို့ကြေညာခဲ့တဲ့အချိန်က အဲဒီ့ကိစ္စ တရားဝင်ဖြစ်လာတော့ Elton နဲ့ ကျွန်တော်တို့ ဆက်ပြီးပေါင်းသင်းခဲ့ကြတာပါ။ နာမည်ကြီး ဖျော်ဖြေသူတစ်ယောက်အနေနဲ့ Elton ဘာပဲပြောပြောလုပ်လုပ် လူတွေက ထိုင်ကြည့်ပြီး သတိပြုမိကြမှာပါ။ ဒီတော့ ဒီလိုသမိုင်းဝင်ကာလကို ဆင်နွှဲဖို့ ဒီထက်ကောင်းတဲ့ နည်းလမ်းရှိပါဦးမလား” လို့ David ကပြောပါတယ်။
Ref:starpulse.com
Trend Myanmar