Facebook က Frim အမည်ရှိ Fitness App ထုတ်လုပ်သည့်ကုမ္ပဏီ ကိုဝယ်ယူလိုက်ပြီ



Frim Fitness App ထုတ်သည့် ကုမ္ပဏီကို Facebook က ၀ယ်ယူလိုက်ကြောင်း သိရသည်။

ယင်း App ကို Moves App တွေ ထုတ်လုပ်သည့် Helsinki အခြေခံ ProtoGeo ကထုတ်လုပ်ထား တာဖြစ်ပြီးယင်း App ကို iPhone နှင့် Android မှာဒေါင်းလုဒ် ပြုလုပ်ပြီးသုံးစွဲတဲ့ လူပေါင်း ၄ သန်း ရှိနေကြောင်းသိရသည်။

အဆိုပါ App ဟာ User များတစ်နေတာပြုလုပ်တဲ့အမူအကျင့်တွေပေါ် မူတည်ပြီးကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသွားသည်ကိုတိုင်း တာပေးနိုင်တဲ့ App တစ်ခုဖြစ်သည်။

ယင်း App ဟာလူသား တွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေကိုတစ်ဖက် တစ်လမ်းကနေ အပြည့်အ၀ ကူညီပေးနိုင်မည့် App တစ်ခုအဖြစ်လည်း တည်ရှိ နေသည်။

ဒါပေမဲ့၎င်း App ကိုဝယ်ယူရန်အတွက် Facebook က ProtoGeo ကို ပိုက်ဆံ မည်မျှကုန်ဆုံးသွားသည်ကို ထုတ်ဖော် ကြေညာထားခြင်းမရှိကြောင်းသိရ သည်။

The Fitness Firm က “ Facebook နှင့်ပူးပေါင်း လုပ်ကိုင်ရတော့မည့်အတွက် အရမ်းဝမ်းသားပြီး နောက်ပိုင်းတွေမှာလည်း ၎င်းက ထုတ်လုပ်သည့် App များကို လူအများက စိတ်ဝင်စား စွာနဲ့ ၀ယ်ယူ အသုံးပြုနိုင်ကြောင်း “ ၎င်း၏ Blog တွင်ပြောဆိုထားသည်။

ဒါ့အပြင် Facebook ကလည်း “ Moves အဖွဲ့အစည်းဟာ လူသားတွေရဲ့ ကျန်းမားရေးကို အထူးကောင်း မွန်လာအောင် ပြုလုပ်ပေးတဲ့ Tool တွေကို ထုတ်လုပ်ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်း App တွေ ရဲ့အောင်မြင်မှုတွေ ကိုစောင့်ကြည့်နေမှာပါ “ ဟုပြောဆိုထားသည်။

Ref : BBC
Wai Phyo Aung (TSJ Team)
TechSpace Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...