MP3 များကို စာသားထိုးခြင်း၊ Cover ပုံထည့်ခြင်းများ လုပ်ဆောင်နည်း



အရမ်းကိုလွယ်ကူပါတယ် ထိုသို့လုပ်ဆောင်ဖို့ရန် မိမိကွန်ပြူတာမှာ MediaMonkey ဆိုတဲ့ ဆော့ဝဲလေးရှိ ထားဖို့ပဲ လိုအပ်ပါတယ် MediaMonkey ဆော့ဝဲကို မူရင်းလင့် ဒီမှာ သွားရောက်ဒေါင်းယူပါ
http://www.filehippo.com/download_mediamonkey/



ဆော့ဝဲကို အင်စတောလုပ်လို့ပြီးဆိုရင် ဖွင့်လိုက်ပါ။ ပြီးရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်း တစ်ဆင့်ခြင်းဝင်သွားလိုက်ပါ

File ဆိုတဲ့စာကိုနှိပ်၍ Open URL or File.... ဆိုတာကိုနှိပ်ပြီး မိမိလုပ်လိုသော MP3 သီချင်းကို သွားရွေးပေးလိုက်ပါ ။



အထဲရောက်ရှိသွားတဲ့ မိမိ MP3 သီချင်းပေါ်ကို RightClick နှိပ်လိုက်ပြီး Properties ဆိုတဲ့ စာကို ဝင်လိုက်ပါ ။



ထွက်ကြလာတဲ့ ဘောက်ရဲ့အပေါ်ဘားက Lyrics ထဲကို ဝင်လိုက်ပြီး အကွက်ထဲမှာ သီချင်းစာသားကို ထည့်လိုက်ယုံပါပဲ။ Cover ပုံထည့်ချင်သေးတယ်ဆိုရင် Artwork ထဲကိုဝင်ပြီး Add နှိပ်ကာ ပုံထည့်နိုင်ပါတယ်။ ပြီးရင်တော့ ( OK ) နှိပ်လိုက်ပါ ။

ထို MP3 ၏အတွင်းထဲတွင် စာတန်းထိုးပါဝင်ပြီးသား ဖြစ်သွားပါပြီ။ ထိုစာတန်းထိုးပြီးသား MP3 သီချင်းကို ဖုန်းတို့ ကွန်ပြူတာတို့တွင် ဖွင့်တာနှင့် စာတန်းထိုးဖော်ပြနေတာကို တွေ့ရမှာဖြစ်ပါတယ် ။



ကွန်ပြူတာမှာ စာတန်းထိုးမပေါ်ဘူးဆိုသူများ ပုံတွင်ပြထားသည့်အတိုင်း Windows Media Player ပေါ်တွင် RightClick နှိပ်၍ Lyrics ဆိုတဲ့ထဲကို ဝင်လိုက်ပြီ On ထားပေးလိုက်ပါ ပြီးရင် MP3 ကို ပြန်ဖွင့်ကြည့်လိုက်ပါ စာတန်းထိုး ပေါ်နေတာကိုတွေ့ရပါမယ် :)

(((( သီချင်းစာသားများကိုတော့ လူနာမည်အလိုက် ဒီမှာသွားရောက်ရှာဖွေ ဒေါင်းယူနိုင်ပါတယ် http://www.freemyanmarlyrics.com/ ))))



ကူညီပေးရန် ။ ။ မိမိတို့ လုပ်ပြီးသော MP3 ကိုဖြစ်စေ ။ လိုချင်သော MP3 ကိုဖြစ်စေ
Myanmar MP3 Lyrics Group မှာ လာရောက်တင်ပေးကြ တောင်းဆိုကြပေးဖို့ မေတ္တာရပ်ခံပါတယ် ။

ထို့မှ မြန်မာစာတန်းထိုးပြီး MP3 များကို တစ်စုတစ်စည်းထဲနဲ့ လိုချင်သူများ အဆင်ပြေသွားကြပါမှာ :)

Myanmar MP3 Lyrics Group သို့ https://www.facebook.com/groups/694937647219305/

အားလုံးပဲ အဆင်ပြေကြပါစေ..... :)

Credit: DjjoeMan(MMF)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...