Myanmar Language နှင့် Myanmar Keyboard ပါဝင်သော S3 (GT-I9300) 4.2.2 Firmware



Samaung Galaxy S3 (i9300) အတွက် မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို တင်ပေးလိုက်ပါတယ်။ သာမန် အသုံးပြုသူတွေအတွက်ရော Service သမားအားလုံးအတွက်ပါ အဆင်ပြေစေမှာပါ။ အရင် ထွက်ရှိထားတဲ့ i9300 4.2.2 (I9300XXUFME7) ကို မြန်မာစာဖောင့်နဲ့ ကီးဘုတ်အပြင် Language မှာပါ Burmese လို့ရွေးပြီးသုံးလို့ ရပါတယ်။ Font ကို Samsung Zawgyi Font သုံးထားပါတယ်။ Galaxy S4 ရဲ့ official မြန်မာဖောင့် ပါပြီးသားထဲက ထုတ်ထားတဲ့ Font ပါ။ ကီးဘုတ်ကိုတော့ Frozen Keyboard 1.1.3 ကိုပဲ သုံးထားပါ တယ်။ Frozen Keyboard Pro မသုံးတာက Expire Dateကြီးနဲ့ဆိုတော့ တော်ကြာ ရက်ပြည့်သွားရင် သုံးလို့အဆင်မပြေတော့မှာစိုးလို့ပါ။ Binary Count လုံးဝမတက်ပါ။ System Status လဲ Official ပါ။

Firmware တင်ပုံတင်နည်း ...
(1) I9300XXUFME7_I9300OXAFME7_YYL.zip ကို Download လုပ်ပါ။
(2) Odin ကို ဖွင့်ပါ။
(3) Zip ဖိုင်ကို ဖြည်ပြီးထွက်လာတဲ့ I9300XXUFME7_I9300OXAFME7_I9300XXUFME7_YYL.tar.md5 ကို PDA နေရာမှာထည့်ပါ။
(4) ဖုန်းကို power ပိတ်ပါ။
(5) Power + Home + Vol Down ခလုတ်သုံးခုကို တွဲနှိပ်ပြီး Download Mode ကို ၀င်ပါ။
(6) Usb ကြိုးကိုအသုံးပြုပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။
(7) Start ကို နှိပ်ပါ။
(8) ဘယ်ဘက်အပေါ်ထောင့်က အပြာတန်းလေး ပြီးတဲ့အထိ စောင့်ပါ။ Pass လို့ ပေါ်လာရင် Odin ကို ပိတ်ပါ။ ကြိုးဖြုတ်ပါ။
(9) ဖုန်းရဲ့ recovery mode မှာ ၀င်နေတာတွေ့ရင် reboot system now ကိုရွေးပေးပါ။
(10) စက်တက်လာပြီဆိုရင်တော့ Language နေရာမှာ English (United State) ကိုပဲ ရွေးရွေး။ မြန်မာ လိုပဲ သုံးချင်တယ်ဆိုရင်တော့ Burmese ကိုရွေးပါ။ S3 (GT-I9300) 4.2.2 မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာ စာမှန်တဲ့ Firmware ကို အသုံးပြုလို့ရပါပြီ။





Credit- 1MOBILE CORNER

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...