သမီးလေးကို မြမိုးဂင်္ဂါလို့ အမည်ပေးလိုက်တဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း



-မေလ ၁၃ ရက်တွင် သန် လျင်မြို့၌ အိမ်သစ်တက်မင်္ဂလာ ပြုလုပ်မည့် ဘုဏ်းသိုက်တို့ဇနီး မောင်နှံက သမီးဖြစ်သူ၏ အမည် ပေးကင်ပွန်းတပ်ပွဲကိုပါ တစ်ပါ တည်းကျင်းပမည်ဖြစ်သည်။

‘‘သမီးကို အရမ်းဆန်းတဲ့ နာမည်ပုံစံမျိုးလည်း မပေးချင်ဘူး။ သမီးမျက်နှာကလည်း မိန်းကလေး အရမ်းမဆန် ဘူး။ သူ့အ မေချမ်းချမ်းနာမည်အရင်းက ချမ်း မြငြိမ်းဆိုတော့ မြဆိုတာလည်း ပါချင်တယ်။ သမီးကိုယ်ဝန်စ တည်တဲ့အချိန်တုန်းက ကျွန်တော် ရေးနေတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ကျွန်တော့်ဇာတ်ကောင်က ဂင်္ဂါ၊ သမီးမွေးခါနီးအချိန်မှာ အဲဒီဇာတ် လမ်းရိုက်ဖြစ်တယ်။ နောက်ပြီး သမီးမွေးပြီးတဲ့အချိန်မှာလည်း ဒီ ဇာတ် လမ်းက ပြနေတယ်ဆိုတော့ ဂင်္ဂါဆိုတဲ့နာမည်က ကျွန်တော် ဇာတ်ညွှန်းရေးတဲ့အချိန်မှာရော၊ သရုပ်ဆောင် တဲ့ အချိန်မှာရော ကျွန်တော်နဲ့ တစ်သားတည်းဖြစ် နေတယ်။ ဒီနာမည်က သမီးလေး နဲ့အတူ ကျွန်တော့်အ တွက် အမှတ်တရဖြစ်တော့ မြမိုးဂင်္ဂါလို့ ပေးဖြစ်တာ’’ ဟု ဘုဏ်းသိုက်ကပြောသည်။ မေလ ၁၁ ရက် တွင် ပြုလုပ်ခဲ့သော The Dozen Ladies ဖျော်ဖြေပွဲ၌ ဇနီးဖြစ်သူ၏ သီဆို ဖျော်ဖြေမှုကို ချမ်းချမ်း လည်း ပါဝင်သီဆိုခဲ့ရာ ဘုဏ်းသိုက်က သမီးဖြစ်သူနှင့်အတူ လာရောက် အားပေးခဲ့သည်။

ဘုဏ်းသိုက်နှင့် ချမ်းချမ်းတို့ ၏ သမီးလေးကို ၂၀၁၄ ဇန်န၀ါရီ ၂၃ ရက်က ရွှေဂုံတိုင်ဆေးရုံ၌ မွေးဖွားခဲ့ သည်။

7Day Daily
No.377 Tuesday, May 13, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...