စိတ်ဖိစီးလာလို့ ဖေ့စ်ဘွတ်ခ်ကို ကျောခိုင်းသွားတဲ့ မီးမီးခဲ



အနုပညာလှုပ်ရှားမှု၊ အိမ်ထောင်ရေးနှင့်ပတ်သက် သော ခံစားချက်များ၊ သမီးဘာဘီ အကြောင်း ရင်ဖွင့်စ ရာနေရာတစ် ခုအဖြစ်သုံးခဲ့သော ဖေ့စ်ဘွတ်ခ် စာမျက်နှာကို စိတ်ဖိစီးမှုများလာ သောကြောင့် လွန်ခဲ့သော နှစ်ရက်က ပိတ်လိုက်ကြောင်း အဆို တော်မီးမီးခဲက ပြောသည်။

‘‘မသုံးချင်တော့ဘူး။ အစ်မလည်း စိတ်ဖိစီးမှုတွေ အရမ်းများ နေတယ်။ ဘာလို့လဲ။ အစ်မက ပိုခံစားရတဲ့ သူလေ။ စိတ်ဒုက္ခ ရောက်ခဲ့ရတဲ့သူဆိုတော့ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ဖေ့စ်ဘွတ်ခ်မှာပြောတယ်။ အစ်မကို အားပေးနေတဲ့သူတွေက ကိုယ်တအားပင်ပန်းနေတဲ့အချိန်မှာ ‘ညီမကြိုးစားထားနော်၊ အား မငယ်နဲ့’ ဆိုတဲ့ စကားလေးက အားဖြစ်စေလို့၊ ဖေ့စ်ဘွတ်ခ်သုံး ပေမယ့် ပုတ်ခတ်တဲ့သူက ပုတ်ခတ်နေလို့ မခံနိုင်ဘူး။ အစ်မဒီလောက်ကြီး ခံနိုင်ရည်ရှိတဲ့သူ မဟုတ်ဘူး။ အစ်မ ဒီဖေ့စ်ဘွတ်ခ် လေးကို တအားချစ်ပါ တယ်’’ ဟု မီးမီးခဲက ပြောသည်။

ခင်ပွန်းဟောင်း အဆိုတော် ထူးအယ်လင်းအပေါ် ဇနီးတစ် ယောက်အနေဖြင့် ကောင်းခဲ့သလို သမီးအပေါ်လည်း မိခင် ကောင်းတစ်ယောက် လုပ်သင့်သည်များကို လုပ်ဆောင်ပေးခဲ့ ကြောင်း မီးမီးခဲ က ပြောသည်။

‘‘နောက်ပိုင်းဆို သူနဲ့ပတ် သက်နေတဲ့ မိန်းကလေးကပါ ဘာတွေပြောနေမှန်းမသိဘူး။ အစ်မ သူတို့ နှစ်ယောက်ကို ထိခိုက်စော်ကားချင်တဲ့စိတ် လည်းမပါဘူး။ အစ်မ သမီးလေးကို ချစ်တဲ့စိတ်နဲ့ ပြောတာပဲ ရှိတာ။ အစ်မတို့က ခရစ်ယာန်တွေဆို တော့ သူတစ်ပါးကို ပုတ်ခတ်ချင်တဲ့ စိတ်မရှိဘူး။ ကိုယ့်ကိုယ် ကိုယ် နှိမ့်ချချင်တဲ့ စိတ်ပဲရှိတယ်။ အရာအားလုံးကိုလည်း ခွင့်လွတ်ပြီးသားပါ’’ဟု မီးမီးခဲက ပြောသည်။

အဆိုတော်မီးမီးခဲသည် အဆိုတော် ထူးအယ်လင်းနှင့် ကွာရှင်းခွင့်ရရန် လွန်ခဲ့သော တစ်နှစ်ကျော်က တရားရင်ဆိုင်ခဲ့ ပြီး ဧပြီ ၃၀ ရက်တွင် ရန်ကုန် အနောက်ပိုင်းခရိုင် ဒုခရိုင်တရား ရုံးတွင် မီးမီးခဲက အမှုအနိုင်ရရှိခဲ့ သည်။

7Day Daily
No.375 Sunday, May 11, 2014 [nid:10434]
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...