Alcohol (1) အရက်ဋီကာ အတိုအထွာ

တယောက်က (ဖေ့စ်-ဘွတ်) မှာ (ဟယ်နက်ဆီ) ပုလင်းပုံနဲ့ ဝီစကီ သောက်မယ်လို့ ရေးထား တာလေး ဖတ်မိသွားလို့ အရက်ဋီကာလေး နည်းနည်း ရေးပါအုံးမယ်။ အရက်အကြောင်း သိပ်သိတာတော့ မဟုတ်ဘူးနော်။ ကျွန်တော်တို့ ဆီက ယမကာ သမားတွေက “ချင်ချင်တူးတူး မူးပြီးရော” ကများတယ် မဟုတ်လား။

• Hennessy (ဟယ်နက်ဆီ) က Cognac (ကော့ညက် ပြင်သစ်ထွက်) ဖြစ်လို့၊ Whisky လို့ သိပ်မခေါ် ကြဘူး မဟုတ်လား။ ပြီးတော့ စားသောက်ပြီးမှ နည်းနည်းလေးသာ မော့ချလေ့ရှိတာမျိုး။ မြန်မာတွေ အခေါ် အစားပိတ်ပေါ့။
• Whisky ဝီစကီကို ဆော်ဒါနဲ့၊ ရေခဲနဲ့ သောက်နည်းနဲ့ Whisky on the rock ဆိုပြီး ရေ-ဆော်ဒါ ဘာမှ မပါဘဲ သောက်တယ်။ (ဆိုဒါ) ကိုလည်း Club Soda (ကလပ်-ဆိုဒါ) လို့အခေါ်များတယ်။ ဒါက မြန်မာ ၃-၄ ထောင် နေကြတဲ့ Fort Wayne ရဲ့ မူရင်းထုတ်ကုန်ဖြစ်ပါတယ်။
• Gin (ဂျင်) ကို Tonic water နဲ့ တွဲသောက်ကြတယ်။
• Tequila (တကီလာ၊ မက္ကစီကိုအရက်) နဲ့ Vodka (ဗော်ဒကာ၊ ရုရှားအရက်) တွေကလည်း အရောင် မပါဘူး၊ အပြင်းသမားတွေက ကြိုက်ကြတယ်။
• Rum (ရမ်) က ကြံကနေ ထုတ်တာ။ အဲဒါကို ဆီးချိုသမားလည်း သောက်နိုင်တယ် ပြောကြတာ မမှန်ဘူး။
• Chill Beer ဘီယာအေးအေးထဲ ထိုင်းအလေ့က ရေခဲထည့်သောက်တယ်။ ရွှေတွေက ဒီကောင်တွေ လူပျော့ဘဲ ဆိုတဲ့မျက်စိနဲ့ ကြည့်ကြတယ်။ အမှန်က ထိုင်းတွေက စီးပွါးရေးမှာ တကယ်ကိုလည်တာ။ ကိုယ့်လူတွက အပြန်မှာ အမူးနဲ့ ရောဂါပိုးတွေ သယ်လာပြီး ဒေါ်လာနဲ့ ထိုင်းဘတ် အပ်ထားခဲ့ကြရတယ် မဟုတ်လား။
• အိန္ဒိယမှာ ဘီယာထဲကို (အယ်လ်ကိုဟော) ရာနှုန်းများထားတော့ ဘီယာနဲ့မတူဘူး။ မယ်ဆလာနံ့ ထည့်တာက ရှိသေး။ မသောက်ခင်က မူးချင်ကြမယ်။
• Champagne (ရှန်ပိန်) ကို နေရာဌာန အကောင်းစားတွေ သွားရင် လာလည်သူကို ခွက်ကလေးတခု စာတိုက်ပြီး ဧည့်ခံတတ်တယ်။
• Wines (ဝိုင်) မှာလည်း Red wine with red meat, white wine with fish ဆိုပြီး၊ (ဝိုင်) အနီသောက် ရင် အသား၊ (ဝိုင်) အဖြူသောက်ရင် ငါးနဲ့ ထမင်းစားတဲ့အလေ့ လုပ်ထားသေးတယ်။ ဘယ်အရက် ဘယ်ခွက်နဲ့က ရှိသေး။
• ဗမာတွေက ထန်းရည်ဋီကာ နဲ့ တိုင်းရင်းသားတွေကတော့ ခေါင်ရည်ဋီကာ ရေးနိုင်ကြမယ်ထင်တယ်။
• Cognac (ကော့ညက်) ဟာ အမှန်က Brandy (ဘရန်ဒီ) အမျိုးအစားတခုပါ။ ပြင်သစ်နိုင်ငံက မြို့လေး တခု နာမည် ဖြစ်ပါတယ်။ Brandywine (ဘရင်းဝိုင်) လို့လဲခေါ်တယ်။ (ဝိုင်) ကိုပြန်ချက်ထားလို့ ဖြစ်ပါ တယ်။ (ဘရန်ဒီ) ကို မြန်မာတွေက Neat (နိ) သောက်တာလို့ခေါ်တာကို သူတို့တတွေက On the rocks ခေါ်တယ်။ ဘာလို့လဲဆိုတော့ ရေခဲတုံးလေးတွေပေါ်မှာ လောင်းချပြီး သောက်ကြလို့ပါ။ ရေဖြစ်ဖြစ် ဆိုဒါဖြစ်ဖြစ် မရောကြပါ။ (ဘရန်ဒီ) ကို အရင်က ဆေးကုသရာမှာ Daffy's Elixir (ဒက်ဖီ ဆေးရည်) ဆိုပြီးသုံးသေးတယ်။ မူရင်း ဆေးညွှန်က အစာအိမ်ရောဂါအတွက်ပေမဲ့ နောက်အိုင်း တခြားနေရာတွေ မှာလည်း သုံးလာကြသေးတယ်။ ဥပမာ ကလေးမီးဖွါးတဲ့အခါ နာတာသက်သာအောင် တိုက်ကြတယ်။

ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...