အခြေခံပညာ ကျောင်းများတွင် မြန်မာ-ယိုးဒယား ဆက်ဆံရေးသမိုင်း သင်ကြားခြင်းကို ပယ်ဖျက်
ခေတ်စနစ်နှင့် ကိုက်ညီမှု မရှိသည့် အပြင် ကျောင်းသား များအတွက် လိုအပ်ခြင်း မရှိတော့ဟု ယူဆရ သည့်အတွက် အခြေခံပညာ အထက်တန်း များတွင် သင်ကြားလျက် ရှိသည့် မြန်မာ-ယိုးဒယား ဆက်ဆံ ရေး သမိုင်း သင်ကြားခြင်းကို ပယ်ဖျက် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယခု ပညာသင်နှစ်မှ စတင်ပြီး မြန်မာ-ယိုးဒယား ဆက်ဆံရေး သမိုင်းကို ကျောင်းသား၊ ကျောင်းသူ များကို သင်ကြားခွင့် ပယ်ဖျက် လိုက်ကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းက အခြေခံပညာ ကျောင်းများ ကို ညွှန်ကြား ထားပြီးဖြစ်သည့် အတွက် အဆိုပါ ဖတ်စာ အုပ်များကို ပြန်လည် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက “တချို့အကြီး ပိုင်းတွေက ကျတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောကြတယ်။ တ ကယ်လဲ ကျောင်းသားတွေ အတွက် မလိုအပ်တော့ပါဘူး။ အဲဒီအတွက် ဒီနှစ်ကစပြီး မသင်ရတော့ပါဘူး” ဟုပြောသည်။
အဆိုပါ မြန်မာ-ယိုးဒယားဆက်ဆံရေး သမိုင်းစာအုပ်ကို သင်ကြားခြင်းမပြုရတော့ဟု ဆိုသော်လည်း ယခုပညာသင်နှစ်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်မျာ ဖြန့်ဝေရာတွင်ထည့်သွင်းဖြန့်ဝေထားပြီးဖြစ်ရာ ပြန်လည်သိမ်းဆည်းပြီး ကျောင်းသားများဗဟိုသုတအလို့ငှာ ကျောင်းစာကြည့်တိုက်များတွင်သာ ထား ရှိသွားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီစာအုပ်က နှစ်ကုန်ပိုင်းလောက်မှ သင်ရတာ။ ကျောင်းသားရဲ့အရည်အချင်းစစ် မှတ်တမ်းထဲမှာ အဆင့်သတ်မှတ်ထည့်ပေးဖို့လောက်ပဲ စစ်ဆေးမေးမြန်းတာလုပ်တယ်။ သင်တဲ့ဆရာပေါ်မူတည်ပြီး တချို့ဆရာကျတော့လဲ စာပိုဒ်လိုက်ပြီးကျက်ခိုင်းတာတွေရှိသလို၊ တချို့ဆရာတွေကျတော့ သင်ထား တာမှတ်မိလား မမှတ်မိလားဆိုတာကိုပဲ နှုတ်မေးနှုတ်ဖြေနဲ့ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ ဒီ စာအုပ်ကိုနယ်ကျောင်းတွေလောက်ပဲ သင်ကြတယ်။ တချို့မြို့ပေါ်ကကျောင်းတွေက သင်တောင်မ သင်ကြဘူး” ဟု အလယ်တန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်သူဇာကပြောသည်။
ယင်းမြန်မာ-ယိုးဒယားဆက်ဆံရေးသမိုင်းစာအုပ်ကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်ကစတင်ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် သင်ကြားရန်ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
Democracy Today Daily
ဇူလိုင် (၂၇) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook