ဝိုင် အကြောင်း သိကောင်းစရာ (အပိုင်း ၁)

ဝိုင် ဟု ကြားလိုက်ရုံဖြင့် အနီရောင် အရည်လေးများကို မျက်စေ့ထဲ မြင်ယောင် လာကြ၏။ ၀ိုင်ကို အရသာရှိရှိ သောက်တောမယ် ဆိုရင်.. ရှေးဦးစွာ ၀ိုင်ထည့်ထားတဲ့ ဖန်သား ကြည်ကြည် ကလပ် ခွက်ကို စက်ဝိုင်းပုံ ပတ်ချာလည် လှည့် လှုပ်ခတ်ပေး လျှက်မှ ၀ိုင်၏ ရနံ့ ကို ရှုသွင်းကာ၊ တကျိုက် ချင်းစုပ်၍ စက္ကန့် အနည်းငယ် ငုံထားပြီးမှသာ အရသာခံ မျိုချသောက်ရ ပါသည်။ ဝိုင်ဆိုတာ အရက်တော့ မဟုတ်ပေ မယ့်.. များများ သောက်ပါက၊ လူကို မူးယစ်စေ တတ်သော အဖျော် ယမကာ တစ်မျိုးဖြစ် ပါသည်။

အင်္ဂလိပ် စကားလုံး အက္ခရာ Wine သည် ယေဘုယျ အားဖြင့် စပျစ်သီးမှ ချက်လုပ်ထားသော ဝိုင်အရက်ကို ရည်ညွှန်းခြင်း ဖြစ်သော် လည်း၊ အခြားအသီးအနှံများမှ ချက်လုပ်သော ဝိုင်အရက် (ဥပမာ ပန်းသီးဝိုင်၊ စတော်ဘယ်ရီဝိုင်) စသည် တို့ ကိုလည်း " ဝိုင် " ဟုသာ ခေါ်ဆို သုံးနှုန်းလေ့ ရှိကြပါသည်။ ၀ိုင်ချက်လုပ် အသုံးပြုသော ထိုအသီးများ ထဲတွင်ပါရှိတဲ့ သဘာဝသကြားဓာတ် ကို ကဇော်ပေါက်ခြင်းဖြင့် ၀ိုင် ချက်လုပ်ခြင်းပါသည်။

ပုံမှန်အားဖြင့် ဝိုင်နီ၊ ၀ိုင်ဖြူ၊ Rose ၀ိုင် (ခေါ်) Pink ၀ိုင် နှင့် စပါကလင်ဝိုင် ဟူ၍ ၀ိုင်(၄)မျိုးရှိပါ သည်။ ဝိုင်နီကို စပျစ်သီး အနီဖြင့် ချက်လုပ်ပါသည်။ ကောင်းမွန်သော ၀ိုင်နီရရှိစေရန်အတွက် စပျစ်သီး၊ စပျစ်ခွံ၊ စပျစ်စေ့များပါထဲ့၍ အချဉ်ဖောက်ပေးရ၏။ ၀ိုင်ဖြူကို တော့ စပျစ်သီးအဖြူ ဖင့် ချက်လုပ်ကြပါသည်။ Rose ၀ိုင် (ခေါ်) Pink ၀ိုင် ဆိုသည်မှာ ၀ိုင်နီ နှင့် ၀ိုင်ဖြူများ ကို ရောနှောေ ပါင်း စပ်ထားခြင်း မဟုတဘဲ၊ အနီရောင် စပျစ်သီးများကို အရည်ညှစ်ထုတ်ချေထားပြီး ၀ိုင်ချက် လုပ်ခြင်းသာဖြစ်ပါသည်။ အဲဒီ စပျစ်ရည် ထဲမှာ စပျစ်ခွံများကျန်ရှိမှုပမာဏ အနည်း/အများ နှင့် အသုံးပြုထားသော စပျစ်သီးခွံ အထူ/အပါးပေါ်မူ တည်ပြီးတော့ Rose ၀ိုင်၏ ပန်းရောင်အနု/အရင့် ကွာခြားမှု ဖြစ်လာပါသည်။ ဝိုင်အတွင်းမှာ အမြှုပ်ထ နေသော ဝိုင်ကို စပါကလင်ဝိုင်ဟု ခေါ်ကြ ပါသည်။

ဝိုင် ရဲ့ အရောင်ကို ကြည့်တဲ့အခါ၊ ၀ိုင်ထဲ့ထားသောခွက်ကို လေထဲတွင်မြှောက်ပြီး ကြည်ရုံနှင့် အဖြေမှန် ကို မသိနိုင်ပါဘူး။ ကြည်လင်သော အရောင်ကိုနောက်ခံထားပြီး၊ ၀ိုင်ခွက်ကို ၄၅ံ C စောင်း၍ ကြည့်ရ ပါသည်။ ၀ိုင်နီ များကို အစိမ့်ရောင် ရင့်ရင့် (သို့ မဟုတ်) အနက်ရောင် ပု လင်းများ တွင် သိမ်းဆည်းထား လေ့ရှိပါသည်။ ထိုကဲ့သို့  အရောင်ရင့်သော ပုလင်းများအတွင်း၌သာ ထည့်သွင်း သိမ်းဆည်းခြင်းဖြင့် ၀ိုင်နီများရဲ့ သက်တမ်းကို ရင့်လာစေတယ်လို့ ဆိုကြပါသည်။

ဝိုင်ဖြူများကိုမူ အစိမ်းရောင်ဖျော့ဖျော့ (သို့ မဟုတ်) အ၀ါရောင် ပုလင်းများ တွင်ထဲ့သွင်းထားလေ့ ရှိပါ သည်။ ယေဘုယျအားဖြင့် ၀ိုင်၏အရောင်ကိုကြည့်ပြီး၊ သက်တမ်းကို ခန့် မှန်းလို့ ရနိုင်ပါသည်။ ၀ိုင်ဖြူ များသည် သက်တမ်းရင့်လာပါက၊ ၀ိုင်၏အရောင်မှာ ပိုမိုရင့်လာတတ်ပါသည်။ ၄င်းဝိုင်ဖြူများ ကို သစ်ချသား စည်များအတွင်း သိုလှောင်သိမ်းဆည်း ထားတဲ့ သက်တမ်းပေါ်တွင်မူတည်ပြီးေ တာ့လည်း အရောင်ပြောင်းတတ်ပါသည်။ ၀ိုင်နီများမှာမူ ၄င်းတို့ သက်တမ်းပိုမိုရင့်လာသ ည် နှင့် အမျှ အရောင် ပိုမိုဖျော့လာပါသည်။

ဝိုင်ပုလင်း ရဲ့  အရှေ့ ဘက်ခြမ်းမှာ Brand Name၊ ၀ိုင်ထဲတွင်ပါတဲ့စပျစ်သီးများနှင့် အခြားအမျိုး အမည် များ၊ ထုတ်လုပ်တဲ့နိုင်ငံ နဲ့ ဝိုင် အမျိုးအစားတို့ ကို ဖော်ပြထားလေ့ရှိပါသည်။ ပုလင်းရဲ့ နောက်ဘက် ခြမ်းမှာ စပျစ်ခင်းများထွက်ရှိရာ ဒေသ၊ ၀ိုင်ပြုလုပ်သည့် နည်းစံနစ်များ၊ ၀ိုင်အနံ့ အရသာနှင့် တွဲဖက် စားသုံး သင့်သောဟင်းလျာများ၊ ၀ိုင်ပုလင်းကိုထိန်းသိမ်းထားရှိ ရမည့် အပူချိန်၊ ၀ိုင်ထဲမှာ ပါတဲ့ Alcohol ရာခိုင် နှုန်း တို့ ကို ဖော်ပြထားလေ့ ရှိပါသည်။

ဝိုင် ကို အမှောင်ခန်းနှင့် အအေးဓါတ်ရှိသော နေရာများတွင် နှစ်ကြာကြာထားလေ အရသာပိုကောင်း လေ ဖြစ်သောကြောင့် နှစ်ချို့ဝိုင် သည် တန်ဘိုးမြင့်မားပါသည်။ ပုလင်းအဖုံးကို သစ် သားခေါက်တစ် မျိုးဖြင့် ပြုလုပ်လေ့ရှိပါသည်။ ထိုသစ်သားခေါက် ပုလင်းအခွံနှင့် ၀ိုင်ကို အမြဲ ထိတွေ့  နေစေရန်အတွက် ပုလင်းကို အောက်ဘက်သို့ အနဲငယ်စောင်းပြီး သိမ်းဆည်းေ လ့ရှိ ပါသည်။ အဆိပ်ငွေ့ များထွက်သွားစေ ရန်နှင့် ၀ိုင်၏ အနံ့ အရသာတို့ ယိုယွင်းမှုမရှိေ စရန် အတွက် ဤသို့ သိမ်းဆည်းရသည်ဟုဆိုပါသည်။ သိုလှောင်သိမ်းဆည်းထားသည့် သက်တမ်း ကို လိုက်၍ ဈေးကွာခြားမှုရှိပါသည်။

ဝိုင် များကို မသုံးဆောင်မီ Wine Cooler အတွင်း အပူချိန် ၁၇ံC ခန့်  ရှိသောနေရာ တွင် အချိန် ၁-နာရီ ခန့် ကြိုတင်ထားပြီး၊ သောက်သုံးမှသာ ၀ိုင်အရသာကို ပိုမိုပေါ်လွင်စေမည်ဖြစ်ပါသည်။ များသောအားဖြင့် အနီရောင် ၀ိုင်များကို အခန်းအပူချိန်(room temperature)မှာထား၍၊ အသားနဲ့ တွဲဖက် စားသောက်ေ သာ အခါ အရသာပိုမိုပေါ်လွင်ပြီး၊ အဖြူရောင် ၀ိုင် များကိုတော့ ငါး၊ အသုပ် တို့ နှင့် တွဲဖက်စားသောက် ပါက အရသာ ပိုထူးပါသည်။

ကျန်းမာရေးရှုထောင့်ကကြည့်ပါလျှင် ကမ္ဘာပေါ်တွင် ဦးစားပေး သောက်သုံးသင့်သော အရည် မှာ ရေ (သို့ မဟုတ်) ရေနွေးကြမ်း Green Tea ဖြစ်ပြီး၊ ဒုတိယအနေနဲ့သောက်သင့်သော အရည်မှာ အနီရောင် စပျစ်ဝိုင် ဖြစ်ကြောင်း ဆေးပညာရှင်များက အကြံပြုထားကြပါသည်။ ထို့ ကြောင့် စပျစ်ဝိုင်အနီကို လူကြီး၊လူငယ်၊ကျား၊မ မရွေး သောက်သုံးသင့်ပါသည်။ အကယ်၍ ၀ိုင် များများသောက် မိရင်တော့ မူးတာလဲ မဟုတ်ဘဲ၊ ရီဝေေ၀ ခံစားရပါမည်။ ဆေးပညာရှင်များ ၏အ ဆိုအ ရ စပျစ်သီးအခွံတွင် အိုမင်ရင့် ရော်မှု ကို နှေးကွေးစေသည့် ဓါတ်တစ်မျိုး ပါဝင်သောကြောင့် “မအိုဆေး” ဟု ညွှန်းဆိုကြပါသည်။ ၀ိုင်အနီကို ဆေးဝါးအဖြစ် နေ့ စဉ်ပုံမှန်သောက်သုံး သူများ သည် နှလုံးရောဂါ မဖြစ်စေပါ။

သွေးတိုးကို ကျစေသည့်ပြင်၊ သွေးအတွင်း အဆီဓါတ်များကိုလဲ ကျစေပါသည်။ ထို့ ပြင်အနီရောင်ဝိုင်တွင် ပါရှိသော သဘာဝ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတစ်မျိုးသည် နှူကလီးယား ဓာတ်ရောင်ခြည်ကြောင့် ခန္ဓာကိုယ် ထဲရှိဆဲလ်များ သေဆုံးခြင်းကို ကာကွယ်ပေးနိုင် ကြောင်း ယူကေအခြေစိုက် တယ်လီဂရပ် သတင်းစာ တွင် ဖော်ပြထား ခဲ့ပါသည်။ ထိုအဆိုကို ပစ္စဘတ်တက္ကသိုလ်၏ သုတေသနအဖွဲ့မှ လည်းထောက်ခံ ထားပါသည်။

သမိုင်းရာဇ၀င်များကိုလေ့လာကြည့်ရာတွင် လွန်ခဲ့သော BC 6000 ခန့် ကစ၍ပါရှား (ေ ခါ်) အီရန် သည် ၊ ကမ္ဘာပေါ်တွင် ပထမဦး ဆုံး စပျစ်သီးဖြင့်ဝိုင်ကို စတင်ချက်လုပ်သောက် သုံးေ သာ နိုင်ငံဖြစ်ပါသည်။ ထိုမှတဆင့် အီဂျစ်> ဂရိ> အီတလီ> စပိန်> ပြင်သစ်> အာရေဗျ> ဥရောပမြောက်ပိုင်း> ရောမ> မက္ကဆီကို> ပီရူး> ကာလီဖိုးနီးယား> သြစတြေးလျ> နယူးဇီလန်..စသည်ဖြင့် လက်ဆင့်ကမ်း ရွေ့  လျားလာခဲ့ ပါသည်။ အနောက်ဥရောပနိုင်ငံ အားလုံးလိုလိုတွင် စပျစ်သီးမှသာ ၀ိုင်ချက်လုပ်လေ့ ရှိကြပါ သည်။ အာရှတိုက်တွင်တော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း နှင့် တရုတ် တို့ တွင် BC 100 ခန့် က စတင် သောက် သုံး လာခဲ့ကြပြီး၊ ထိုမှတဆင့် အာရှနိုင်ငံအသီး သီးတို့ ၀ိုင်သောက်သုံး သော ဓလေ့ပျံ့ နှံ့  လာခဲ့ပါသည်။ “ ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ၀ိုင်၊ စကော့ တလန်မှာ ၀ီစကီ၊ ရုရှမှာဗော့ဒ်ကာ၊ ကိုရီးယားမှာ ဆိုဂျု့  ” ဟူသော ဆိုရိုးစကား ရှိပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...