သားသား မီးမီးတို့မှာ ရှိထားသင့်တဲ့ အခြေခံ အရည်အချင်းများ
(၁) ကလေးတို့.. ထမင်း ချက်တတ်အောင် သင်ထား ရမယ်။ ဒါသူများကို ပြုစုတာ မပြုစုတာနဲ့ မဆိုင်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ အခြေခံ အရည်အချင်း တစ်ရပ်ဖြစ် နေလို့ပါ။
(၂) ကလေးတို့…ကားမောင်း တတ်အောင် သင်ထား ရမယ်။ ဒါဟာ ဂုဏ်တွေ အဆင့်အတန်း တွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ကြိုက်တဲ့ အချိန်မှာ ကြိုက်တဲ့ နေရာကို သွားလို့ ရအောင် တတ်မြောက် ထားသင့်တဲ့ အခြေခံ အရည်အချင်း တစ်ခုဖြစ်လို့ပါ။ လွတ်လွတ် လပ်လပ် သွားလာနိုင်ဖို့ အာမခံချက် ရှိထားတဲ့ သဘောပါပဲ။
(၃) ကလေးတို့…… ကျောင်းတက်စဉ်မှာ စာကောင်းကောင်း ကြိုးစားရမယ်။ ဒါဟာ ရတဲ့ဘွဲ့နဲ့ ဒီဂရီနဲ့ ဘာမှ မဆိုင်ပါဘူး။ ဘဝရဲ့ အပိုင်းအခြား တစ်ခုမှာ ကြိုးစားဖို့ အသင့်တော်ဆုံး အချိန်ပါ။ လူ့ဘဝ ဆိုတာ အပိုင်းအခြား ရှိပါတယ်။ သင့်တော်တဲ့ အပိုင်းအခြားမှာ သင့်တော်တဲ့ အလုပ်ကို ကောင်းမွန် ပြီးမြောက် အောင် ဆောင်ရွက်ထားနိုင်ရင် ကလေးတွေနောက် နောင်တ မရတော့ဘူးပေါ့။
(၄) ကလေးတို့..... ဝေးဝေးလံလံ ခရီးသွားဖူး သင့်ပါတယ်။ ခရီးများများ သွားသင့်ပါတယ်။ အဝေးသွား ဖူးလေ အမြင်ကျယ်လေ စိတ်သဘောထား ကြီးလေပါပဲ။ လူဆိုတာ အမြင်ကျယ်သလောက် အမျှော်အမြင် ရှိတယ်။ အမျှော်အမြင်ရှိသလောက် အလုပ်ကိုအောင်မြင်အောင် အကောင်အထည် ဖော်လို့ရတယ်။
(၅) နောင်အခါမှာ ဘယ်လောက် အခက်အခဲတွေ့တွေ့ ကောင်းကင် တစ်ခုလုံးပဲ ပြိုကျနေပါစေ မငိုယိုပါနဲ့။ မငြီးငြူပါနဲ့။ ငိုယိုငြီးငြူခြင်းဟာ မင်းကိုတကယ်ချစ်တဲ့ လူတွေအတွက် စိတ်ထိခိုက်စေနိုင်သလို၊ မင်းကို မုန်းတဲ့ လူအတွက် ကျတော့လည်း လက်ညိုးထိုးစရာ အကြောင်းတစ်ခု ဖန်တီးပေးသလို ဖြစ်သွားနိုင်ပါ တယ်။
(၆) ကလေးတို့...အဝေးကို ခရီးသွားခဲ့ရင် ဓာတ်ပုံကင်မရာအပြင် စက္ကူနဲ့ ဘောပင်ပါ ယူသွားရတယ်။ ရှု့ခင်းကို ကင်မရာနဲ့ မှတ်တမ်း တင်လို့ရတယ် ဆိုပေမယ့် အချို့ခံစားချက်နဲ့ အတွေ့အကြုံကိုကျတော့ ရေးမှတ်ထားမှ ပိုသေချာတယ်။
(၇) ငယ်ရွယ်စဉ်အခါက ဗဟုသုတကို စုဆောင်းရပါတယ်။ ကြီးလာလို့ရှိရင် အတွေ့အကြုံကို မျိုးစုံရှာထား ရတယ်။ဒါမှ ကလေးတို့ဘဝက အမျော်အမြင်ရှိပြီး ပြည့်စုံမှာ။ လမ်းကွေ့လမ်းကောက် များများလျှောက် လှမ်း ဖူးတဲ့လူဟာ ဖြတ်လမ်းကို အလွယ်တကူ တွေ့ရှိတတ်လေ့ ရှိတယ်။
(၈) ပြုံးရွှင်တဲ့ အကျင့်ရှိခြင်း၊ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်းနဲ့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အကောင်း ဘက်ကိုမြင်တတ်ခြင်းတို့ဟာ ကလေးတို့အတွက် အကြီးမားဆုံးသော စိတ်ဓာတ်ကြွယ်ဝမှုတွေပါ။ ဒီကြွယ်ဝမှုတွေသာ ကလေးတို့ပိုင်ဆိုင်ခဲ့ရင် ကလေးတို့ရဲ့ ဘ၀ခရီး တစ်လျှောက်လုံးအတွက် ကိုယ့်ကိုကို ပဲ့ကိုင်ထိန်းသိမ်းနိုင်ပါပြီ။

https://www.facebook.com/aung.k.latt.5?hc_location=timeline
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook