တနင်္ဂနွေနေ့ တိုင်း အိမ်ခြေရာခြေမဲ့တွေကို လိုက်လံဆံသပေးရင်း အချိန်ကိုကုန်ဆုံးစေတဲ့ ဆံသဆရာ

Mark Bustos ဟာ နယူးယောက်မြို့ က အဆင့်မြင့် အထက်တန်းလွှာ ဆံသဆိုင်တစ်ခုမှာ အလုပ်လုပ် နေတဲ့ ဆံသဆရာတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ ရဲ့ ဖောက်သည်တွေ အားလုံးကတော့ သေသပ် လှပတဲ့ ဆံသချက်၊ မုတ်ဆိတ်ရိတ်ချက်တွေ ရဖို့  အတွက် ချမ်းသာဖို့ မလိုပါဘူး။ တစ်ချို အချိန်တွေ မှာဆို ခြူတစ်ပြားမှတောင် ကုန်ဖို့ မလိုပါဘူး။

Bustos ဟာ သူရဲ့ တစ်ရက်တည်းသော အလုပ်နားရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ တိုင်းမှာ မြို့ ထဲကို လျှောက် သွားပြီး ဆံသမှုကို တန်ဖိုးထား အလိုရှိနေတဲ့ သူတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးစေပါတယ်။ “ ကျွန်တော်ဒီနေ့  ခင်ဗျားအတွက် ကောင်းတာလေး တစ်ခုလောက် လုပ်ပေးချင်တယ်ဗျာ” ဆိုတဲ့ စကား ရိုးရိုးလေးနဲ့  လူတိုင်းကို ချဉ်းကပ်လေ့ရှိပါတယ်။ Bustos ဟာ တနင်္ဂနွေနေ့ တိုင်းမှာ လူ ၆ယောက် လောက်ကို ဆံသပေးပြီး သူရဲ့ ဆံသပုံတွေကို Instagram ပေါ်တင်လေ့ရှိပါတယ်။

Bustos ဟာ ဖိလစ်ပိုင်နိုင်ငံရှိ သူ့ မိသားစုတွေဆီကို အလည်အပတ်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလကစပြီး ငွေကြေးချို့  တဲ့သူတွေကို ဆံသပေးခဲ့ပါတယ်။ ဖိလစ်ပိုင်ကို ရောက်နေစဉ်မှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ကနေ ထိုင်ခုံတစ်လုံး ပိုက်ဆံပေးငှားပြီး ငွေကြေးချို့ တဲ့နေတဲ့ ကလေးတွေကို စတိုင်တစ်မျိုးနဲ့ အလှ တိုးအောင် ဆံသပေးခဲ့ပါတယ်။

“အဲ့လိုလုပ်ပေးရလို့ ခံစားရတဲ့ ခံစားချက်က အရမ်းကို ပျော်ရွှင်ကျေနပ်စရာ ကောင်းပါတယ်။ ဒီ အပြုသ ဘောဆောင်တဲ့ စိတ်ခံစားချက်ကလေးကို နယူးယော့ခ်ထိ သယ်လာဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်” လို့  အသက် ၃၀ အရွယ်ရှိ Bustos က ဆိုပါတယ်။ သူဟာ ဂျမေကာ ၊ ကိုစတာ ရီကာနဲ့ လော့စ် အိန်ဂျလိစ်တို့ မှာလည်း ငွေကြေးမတတ်နိုင်သူတွေကို အခမဲ့ ဆံပင်ညှပ်ပေးခဲ့ ပါသေးတယ်။

“လူတိုင်းဟာ ဘ၀မှာ ထိုက်တန်တာချင်းအတူတူပါပဲ။ ကျွန်တော်တို့ အားလုံးမှာ ဒုတိယအကြိမ် အခွင့် အရေးတော့ရသင့်ပါတယ်” လို့  Bustos က ဆိုပါတယ်။ Bustos ဟာ နယူးယောက်မြို့တစ်မြို့ လုံးကို ပတ်ပြီး အိမ်ခြေရာခြေမဲ့တွေကို ဆံပင်လိုက်ညှပ်ပေးလျက် ၇ှိပါတယ်။ တစ်ခါတစ်လေ သူ့ ကောင်မလေး ကလည်း ဆံပင်အညှပ်ခံသူများ စားချင်တာကို ၀န်ဆောင်ပေးရင်း အဖော်အဖြစ်လိုက်လံ ပါရမီဖြည့်ပေး ပါတယ်။

“ ဒီလုပ်ရပ်ကနေ ကျွန်တော်တို့ ရလေ့ရှိတဲ့ တုံပြန်မှုတစ်ခုက သူတို့ တွေက ကျွန်တော် တကယ်တမ်း ဘာလိုချင်သလဲဆိုတာကို မမေးကြပါဘူး။ ကျွန်တော်တို့ ရလေ့ရှိတာက အစားအစာအကြွင်းအကျန်တွေနဲ့  အမှိုက်သရိုက်တွေပါပဲ” လို့ Bustos က Huffinton Post ကို ဆိုပါတယ်။

Bustos အဆိုအရ ၄င်းဟာ လူသွားလူလာများပြီး ဟင်းလင်းပြင်နေရာလိုမျိုးဖြစ်တဲ့ လမ်းဘေးထောင့်တွေ နဲ့  လူသွား စင်္ကြန်တွေမှာ လူတွေမြင်နိုင်အောင် တမင်ကြံရွယ်ပြီး ဆံပင်ညှပ်ပေးတယ် လို့ ဆိုပါတယ်။ ဒီလိုမျိုး လူမြင်ကွင်းမှာ ကြံရွယ် ပြုလုပ်ရခြင်းဟာ သူ့ ကို လူတွေသတိထားမိစေရန် မဟုတ်ပဲ ၄င်းလုပ်နေ တဲ့ လုပ်ရပ်ကနေ လူတွေဟာ စိတ်ကူးရပြီး ငွေကြေးချို့ တဲ့ သူတွေအပေါ် ကြင်နာရာရောက်တဲ့ အလားတူ လုပ်ရပ်ကောင်းမျိုးတွေကို လုပ်နိုင်ကြစေဖို့ အတွက် ဖြစ်တယ်လို့ လည်း သိရပါတယ်။

“ အပြုံးလေးရိုးရိုး တစ်ခုကတောင် အများကြီး သက်ရောက်နိုင်ပါတယ်” လို့  ၄င်းကဆိုပါတယ်။

Bustos ရဲ့  လုပ်ဆောင်ချက်တွေကို သင်ကြည့်ရှုချင်တယ်ဆိုရင် သူ့ ရဲ့ Instagram အကောင့်မှာ ခြေရာခံ ကြည့်ရှုနိုင်ပါတယ်။


Ref:huffingtonpost.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...