ကလေးလုပ်သား ခိုင်းစေသည့် ကန်ထရိုက်တာများကို တယ်လီနောက လုပ်ငန်းမှ ထုတ်ပယ်မည်

ရန်ကုန်၊

တယ်လီနော၏ ဆက်သွယ်ရေး တာဝါတိုင်များကို ပူးပေါင်း ဆောက်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ကလေးလုပ်သား ခိုင်းစေမှုများ ရှိနေသည့် ကန်ထရိုက် တာများကို တည်ဆောက်ရေး လုပ်ငန်းမှ ထုတ်ပယ် သွားမည် ဖြစ်ကြောင်း တယ်လီနော၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြော သည်။

တယ်လီနော၏ နက်ဝေါ့ခ်တိုင် တည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေသော ကန်ထရိုက်တာ များအနေ ဖြင့် ကလေးလုပ်သားများ ခိုင်းစေမှုရှိနေ သည်ကို တယ်လီနောက စစ်ဆေးတွေ့ရှိခဲ့ ရပြီးနောက် ယခုကဲ့သို့ အရေးယူသွားမည် ဖြစ်ကြောင်း ဖလားဝါး နယူးစ်ဂျာနယ်၏ မေး မြန်းချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

တယ်လီနော၏ သတင်းပြန်ကြား ရေးတာဝန်ခံတစ်ဦးက ''တယ်လီနော ဒီကို ဝင်လာကတည်းက ဒီလိုလုပ်ငန်းတွေမှာ စံနှုန်းတွေ သတ်မှတ်ပြီးသားပါ။ ဒီလိုခိုင်း စေမှုတွေရှိနေပြီး မလိုက်နာတဲ့ကုမ္ပဏီတွေ ကို ထုတ်ပယ်သွားဖို့ ရှိပါတယ်'' ဟု ဖလားဝါး နယူးစ်ဂျာနယ်သို့ ပြောကြားခဲ့သည်။

လက်ရှိတွင် တယ်လီနော၏ နက် ဝေါ့ခ်တိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ကို Apolo နှင့် IGT ကုမ္ပဏီနှစ်ခုဖြင့် စာ ချုပ်ချုပ်ဆိုလုပ်ဆောင်လျက်ရှိပြီး အဆိုပါ ကုမ္ပဏီများက Sub-Contractor များဖြင့် တာဝါတိုင်ဆောက်လုပ်မှု လုပ်ငန်းလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ စာချုပ်ချုပ်ထား တဲ့ Apolo ကုမ္ပဏီက သူ့အောက် Sub- Contraactor တွေ အများကြီး ထပ်ချုပ်ထား တယ်။ ဒီလုပ်ငန်းတွေမှာ ကလေးအလုပ် သမားတွေ ခိုင်းစေနေတာကို ရှာဖွေဖော် ထုတ်သွားမှာပါ'' ဟု ယင်းက ထပ်မံပြော သည်။

တယ်လီနောမှ နက်ဝေါ့ခ်တိုင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဝင်ရောက် စစ်ဆေးခဲ့ရာ မန္တလေးတိုင်း ဒေသကြီးရှိ တာဝါတိုင်တည်ဆောက်ရေး လုပ်ငန်းခွင် တစ်ခုတွင် အသက် ၁၂ နှစ်အောက် ကလေး နှစ်ဦးနှင့် ၁၃ နှစ်အောက် ကလေးတစ်ဦး အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအ တွင်း၌ ၁၇ နှစ်နှင့် ၁၇ နှစ်ခွဲ နှစ်ဦးတို့ကို တွေ့ရှိခဲ့ရပြီး ယင်းအလုပ်သမားများကို ထုတ် ပယ်မှုပြုလုပ်ခဲ့ပြီး မန္တလေးရှိ အသက် ၁၅ နှစ်အောက် ကလေးတစ်ဦးကို တည်ဆောက် ရေးလုပ်ငန်းခွင်မှ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် တယ်လီနော ကုမ္ပဏီမှ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး တယ် လီနော၏ စည်းမျဉ်းစည်းကမ်း အချို့ကို ကန် ထရိုက်တာများက ချိုးဖောက်နေခြင်းဖြစ် ကြောင်း သိရသည်။

ဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ခြင်း လုပ်ငန်းများသည် အန္တ ရာယ်များပြားပြီး စွန့်စားမှု ရှိသည့် အတွက် အသက် ၁၈ ပြည့်မှသာ လုပ်ငန်းခွင်သို့ ဝင် ရောက်ခွင့်ရှိရမည်ဟု တယ်လီနောက ကန် ထရိုက်တာများဖြင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

တယ်လီနောအနေဖြင့် ပြည်သူ များလက်ထဲသို့ ဆင်းမ်ကတ်များမထည့်မီ တာဝါတိုင် ၁ဝဝဝ ပြီးစီး မည်ဖြစ်ပြီး ရည်မှန်း ချက်ဖြစ်သော ငါးနှစ်အတွင်း နက်ဝေါ့ရာ ခိုင်နှုန်း ၉ဝ လွှမ်းခြုံနိုင်မည့် တာဝါတိုင် ၈ဝဝဝ ပြည့်မီရန် တစ်လလျှင် တာဝါတိုင် ၃ဝဝ မှ ၄ဝဝ ကြား တည်ဆောက်သွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ စီအီးအို ဖြစ်သူ Petter Furberg က အတည်ပြု ပြော ကြားထားသည်။


သော်ဇင်ထက် 
Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၃)။
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...