သနတ်ဖြင့် ပစ်သတ်ခံရ၍ မိုက်ကယ်ဂျက်ဆင် သေဆုံး

အသက် ၆၀ ၀န်းကျင် ရှိနေပြီဖြစ်သော မိုက်ကယ် ဂျက်ဆင်သည် တောရိုင်း တိရစ္ဆာန်စောင့်ရှောက်
ရေး အရာရှိများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့ပြီဖြစ်သည်။

အဆိုပါ မိုက်ကယ်ဂျက်ဆင်မှာ ကွယ်လွန်သူ ပေါ့အဆိုတော် မိုက်ကယ်ဂျက်ဆင်ကို အစွဲပြု၍
ခေါ်ဝေါ် သုံးစွဲထားသော အမည်ဖြစ်ပြီး ယင်းမှာ တစ်ကိုယ်လုံး ဖြူစွတ်သည့် အယ်လ်ဘီနို 
မိကျောင်းတစ်မျိုး ဖြစ်ကြောင်း ယူပီအိုင် သတင်း ဌာနက ဖော်ပြခဲ့သည်။ ၄င်းသည် ငါးမျှားလာသူ အမျိုးသားတစ်ဦးကို ကိုက်စားခဲ့ပြီး ယင်းအမျိုးသားကို တစ်ကိုယ်လုံး မျိုအံ့ဆဲဆဲတွင် တောရိုင်း တိရစ္ဆာန်အရာရှိများက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်သည် ဩစတေးလျနိုင်ငံရှိ အဒီလိုက်မြစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းအမျိုးသားမှာ ရေ အစပ်ရှိ ချုံပင်များနှင့် ရှုပ်ထွေး၊ ထုံးဖွဲ့နေသော ငါးမျှားကြိုးကို ဖြည်ရန်အတွက် ရေထဲသို့ ဆင်းနေ
စဉ်တွင် မိုက်ကယ်ဂျက်ဆင်က ၀ါးမျိုခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် အသက် ၅၇နှစ်အရွယ်ရှိ ယင်းအမျိုးသားမှာ သေဆုံးသွားခဲ့သည်။ ထိုဖြစ်စဉ် ဖြစ်ပွား နေချိန်တွင် အဆိုပါအမျိုးသား၏ ဇနီးသည်မှာ အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့ပြီး ဇနီးသည်က တောရိုင်း တိရစ္ဆာန်စောင့်ရှောက်ရေး တာဝန်ရှိသူများကို အပြေးနှင်ကာ သွားရောက် အကူအညီ တောင်းခံ ခဲ့ခြင်းဖြစ်သည်။

နာရီများစွာကြာမြင့်ပြီးနောက် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး တာဝန်ရှိသူများရောက် လာကြပြီး မိုက်ကယ်ဂျက်ဆင်ကို ပစ်သတ်ခဲ့ကြသည်။ မိုက်ကယ်ဂျက်ဆင်ကဲ့သို့ တစ်ကိုယ်လုံး ဖြူစွတ်သည့် မိကျောင်းအမျိုးအစားများသည် မိကျောင်း အကောင် တစ်သောင်းမှ နှစ်သောင်းခန့်တွင် တစ်ကောင်သာ ပေါက်ဖွား ရှင်သန်ကြကြောင်း ယင်းဘေးမဲ့တော၏ အရာရှိများက ဆိုသည်။

မိုက်ကယ်ဂျက်ဆင်သည် အယ်လ်ဘီနိုမိကျောင်းများအနက် အများနှင့်မတူသည့်အချက်မှာ တစ်ကိုယ်လုံး ဖြူစွတ်သည့်အပြင် ဦးခေါင်းအထိပါ ဖြူစွတ်နေခြင်းဖြစ်သည်။


Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...