ကဖင်းဓါတ်ကြောင့် သွေးဆုံးကိုင် ဝေဒနာများ ပိုမိုဆိုးရွားနိုင်

ကဖင်းဓါတ်သည် အမျိုးသမီး (၈၀)ရာခိုင်နှုန်း၌ သွေးဆုံးချိန် ရောက်သည့်အခါ အပူပျံခြင်း၊ ညဘက် ချွေးထွက်ခြင်း တို့ကို ပိုမိုဆိုးရွား စေကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။
ကဖင်းဓါတ် သောက်သုံးမှု ကန့်သတ်ခြင်းဖြင့် သွေးဆုံးပြီး အမျိုးသမီး များတွင်အပူပျံခြင်း၊ ညဘက် ချွေးထွက်ခြင်းတို့ သက်သာ စေမည်ဖြစ် ကြောင်း သုတေသီများက ဆိုသည်။

ကဖင်းသည် ခန္ဓာကိုယ်ကို လှုံ့ ဆော်ပေးသည့် ဓါတ်တစ်မျိုးဖြစ်ပြီး ကော်ဖီ၊ဆေးဝါး၊ ချောကလက်တို့တွင် ပါဝင်လေ့ရှိကာ သွေးဆုံးချိန်ရောက် နေသည့်အမျိုးသမီးများတွင် အာနိသင်အမျိုးမျိုး သက်ရောက်နိုင်သည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်း သွေးဆုံးပြီး အမျိုးသမီး (၁၈၀၀)ဦးကို စုဆောင်း လေ့လာမှု များပြု လုပ်ခဲ့သည်။ 

အမေရိကန်လူမျိုး (၈၅)ရာခိုင်နှုန်း ကဖင်းဓါတ်ကိုပုံစံ အမျိုးမျိုးနှင့် နေ့စဉ်စားသုံးလျက်ရှိ သောကြောင့် သုတေသီ Stephanie Faubion နှင့်အဖွဲ့က သွေးဆုံးကိုင် ဝေဒနာများအပေါ် ကဖင်းဓါတ်၏ သက်ရောက်မှုကို လေ့လာခဲ့ကြသည်။

ယခင် သုတေသနများအရ ကဖင်းဓါတ် ကောင်းကျိုးဆိုးကျိုးများ ရောထွေးလျက် ရှိသော်လည်း ယခု တွေ့ရှိချက်များတွင် ကဖင်းဓါတ်သည် သွေးဆုံးကိုင်ဝေဒနာများကို ပိုမိုဆိုး ရွားစေကြောင်း တွေ့ရှိခဲ့ကြ သည်။

ဝတ်ဆင်ရ၊ ချွတ်ရလွယ်ကူသည့် အ၀တ်အစားများနှင့် စိုထိုင်း ဆထိန်းသိမ်းပေးနိုင်သည့် အိပ်ရာတွင် အိပ်ခြင်း၊ အပူပျံခြင်းနှင့် ညချွေးထွက်ခြင်းများကို သက်သာစေမည့် အစီအမံများ ပြုလုပ်ခြင်းဖြင့် သွေးဆုံး ကိုင်ဝေဒနာများကို သက်သာစေမည်ဖြစ်ကြောင်း သုတေသီများက အကြံပြုထားသည်။

အမျိုးသမီး တစ်ဦးသည် အသက် (၄၅)နှစ် မှ (၅၅)နှစ်ကြား အရွယ်တွင် သွေးဆုံး လေ့ရှိသည်။ 


ဇော်ကို
Ref;MDI
Health Updates Journal NO(129)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...