Apple နှင့် Google ၏ အသုံးပြုသူ လုံခြုံရေးစနစ်အပေါ် FBI အကြီးအကဲ စိုးရိမ်မကင်းဖြစ်

Apple နှင့် Google တို့ က စမတ်ဖုန်းများကို မည်သူမှ ကြားဖြတ် ၀င်မကြည့်နိုင်အောင် Default Encryption ပြုလုပ် ခြင်းသည် တရားဥပဒေ စိုးမိုးရေးအဖွဲ့ အစည်း များအတွက် စုံစမ်းစစ် ဆေးမှုများပြုလုပ်ရန် ခက်ခဲနိုင် စေသောကြောင့် မိမိအနေနှင့် စိုးရိမ်မကင်း ဖြစ်ရကြောင်း FBI အကြီးအကဲ ဂျိမ်းကိုမီ ကပြောသည်။

စမတ်ဖုန်း အသုံးပြုသူများတွင် ပြစ်မှုကျူးလွန်သူများ၊ ရာဇ၀တ်ကောင်များ၊ အကြမ်းဖက်သမား များလည်းပါဝင်ပြီး ၄င်း တို့ ၏ဖုန်းကို ရဲတပ်ဖွဲ့ များက ကြားဖြတ် ဖမ်းယူကာ အရေးကြီးသော သတင်းအချက်အလက်များ ရရှိနိုင်မှသာလျင် ပြည်သူပေါင်းမြောက်များစွာ၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို မိမိတို့ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဂျိမ်းက ဆက် လက် ပြောပြသည်။

ထို့ အပြင် Apple နှင့် Google သည် Phone Encryption ကို Default ထားမည့်ကိစ္စနှင့်ပါတ်သက်ပြီး FBI နှင့် အား အသိပေးခြင်း၊ ဆွေးနွေးခြင်းတစ်စုံတရာမရှိခဲ့ကြောင်းလည်း ဂျိမ်းကပြစ်တင်ပြောဆိုလိုက်ပြီး ဥပဒေစိုးမိုးရေး လုပ်ငန်း များဆောင်ရွက်ရာတွင် ကြီးစွာသောအားနဲချက်များ ဖြစ်ပေါ်လာနိုင်ပြီး အပြစ်မဲ့ပြည်သူလူထုနှင့် ကလေး ငယ်များ ကို မိမိတို့ ကယ်ဆယ်နိုင်ရန် အခက်အခဲများစွာနှင့်ကြုံတွေ့ ရလာနိုင်ကြောင်းလည်း ဂျိမ်းက သတိ ပေးပြောဆိုလိုက်သည်။

Apple က iOS 8 ဆော့ဖ်ဝဲတွင် Default Encryption စနစ်ထည့်သွင်းပြီးနောက် ယင်း Encryption ကို Apple ကုမပ္ပဏီကိုယ်တိုင်ကလည်း ဖွင့်ရန်သော့မရှိဟု ဆိုလာခြင်းအပေါ် FBI က ယခုကဲ့သို့ တုန့် ပြန်လိုက်ခြင်းဖြစ်ပြီး Google ကလည်း နောက်ထုတ်မည့် Android L တွင် အလားတူစနစ်ထည့်သွင်းသွားမည်ဟု ကြေငြာထားလေရာ Apple နှင့် Google တို့ က မည်သည့်အာဏာပိုင်အဖွဲ့ အစည်းကိုမှ ဖုန်းများကိုကြားဖြတ်နားထောင်ရန် မကူညီနိုင် တော့မည့် အခြေ အနေမှာလည်း လက်တွေ့ ဖြစ်လာနေပြီဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်များ ဆောင်ရွက်ရာတွင် ကြီး စွာသော အခက်အခဲဖြစ်လာနိုင်သဖြင့် FBI က ယခုကဲ့သို့  ထုတ်ဖော်ပြောကြားလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

Apple နဲ့  Google ရဲ့ လုပ်ရပ်ဟာ လူတွေကို တရားဥပဒေကလက်လှမ်းမမှီနိုင်အောင် လုပ်ပေးလိုက်တာပါပဲ။ ကျွန်တော်ဟာ တရားဥပဒေကို ယုံကြည်သက်ဝင်သူပါ။ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကိုလည်း ယုံကြည်လက်ခံကျင့်သုံးနေသူပါဟု ဂျိမ်းကဆက်လက်ပြောပြသည်။

Apple နှင့် Google နှစ်ဖွဲ့ လုံးက FBI ၏ ပြောကြားမှုအပေါ် တုံ့ ပြန်ချက်တစ်စုံတရာ မပေးသေးပေ။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...