ပထမဦးဆုံး တရုတ် Xsser mRAT iOS Trojan ဟောင်ကောင်ရှိ ဆန္ဒပြသူများကို ပစ်မှတ်ထားနေ

တရုတ်နိုင်ငံရှိ Android နှင့် iOS ထုတ်ကုန်များတွင် စတင် တွေ့ရှိခဲ့ရသည့် Xsser mRAT အမည်ရသော အန္တရာယ်ရှိသော Trojan သည် ဟောင်ကောင်ရှိ အစိုးရ ဆန္ဒပြသူများကို ပစ်မှတ်ထား တိုက်ခိုက်နေ ကြောင်း သိရသည်။

အဆိုပါ အန္တရာယ်ရှိသော Trojan သို့မဟုတ် Trojan Horse များသည် စနစ်များထဲသို့ ဝင်ရောက်၍ backdoor ဖန်တီးရန် အတွက် တရားဝင် software အသွင် ဟန်ဆောင်နိုင်သည်။ ၎င်းတို့သည် အန္တရာယ်ရှိသော Trojan ဖြစ်ပြီး iOS platform များကိုလည်း တိုက်ခိုက်နိုင်သည်။ Xsser mRAT Trojan ၏ လုပ်ဆောင်ပုံနှင့် မူလဇာစ်မြစ်ကို မိုဘိုင်းလုံခြုံရေး ကုမ္ပဏီ Lacoon က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် iOS အတွက် အန္တရာယ်အများဆုံး တရုတ် Trojan အဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ Trojan သည် Android ထုတ်ကုန်များတွင် စတင် ထွက်ပေါ် ခဲ့ပြီး platform တစ်ခုမှ တစ်ခုသို့ ကူးပြောင်းတိုက်ခိုက်နိုင်ကြောင်း သိရသည်။

၎င်း Trojan သည် ဟောင်ကောင် ဆန္ဒပြသူများကို ကူညီသွားရန် utility တစ်ခုအနေဖြင့် WhatsApp မှတဆင့် ပျံ့နှံ့ခဲ့သည်။ ထို့ကြောင့် အဆိုပါ Trojan သည် တရုတ်အစိုးရ၏ ဟောင်ကောင် ဆန္ဒပြမှုများကို ရပ်တန့်ခြင်းနှင့် ဆန္ဒပြမှုများတွင် ပါဝင်သူများကို တရားစွဲဆိုရန် ကြိုးပမ်းမှုများဖြင့် ဆက်စပ်နေဖွယ်ရှိသည်။

သို့ရာတွင် Xsser mRAT utility သည် တရုတ်လူမျိုးများသာမက အခြားလူမျိုးများပါ ပစ်မှတ်ထား တိုက်ခိုက်နိုင်ပြီး ကုမ္ပဏီနှင့် လူတစ်ဦးချင်းစီကို လျှို့ဝှက်ထောက်လှမ်းနိုင်ရုံသာမက အစိုးရများကို ထောက်လှမ်းရာတွင်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် ၎င်း Trojan သည် သတင်းအချက်အလက် မြောက်များစွာကို ရယူနိုင်ကာ တရုတ် နာမည်ကျော် Tencent messaging app မှ စမတ်ဖုန်းအတွင်းရှိ လိပ်စာများ၊ ခေါ်ဆိုမှုများ၊ မီဒီယာနှင့် message များကို ရယူနိုင်သည်။ ထိုမျှသာမက တိုက်ခိုက်ခံရသူ၏ privacy နှင့် လုံခြုံရေးများကို ထိခိုက်မှုရှိစေမည့် GPS တည်နေရာနှင့် iOS account ID များကိုလည်း ရယူနိုင်ကြောင်း သိရသည်။ 


Ref: SlashGear
Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...