ရေဒါဖမ်းလို့ မရတဲ့ စစ်ဘက်သုံး အီလက်ထရောနစ် မော်တော်ဆိုင်ကယ်

 

အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့အခြေစိုက် အီလက်ထရောနစ် မော်တော်ဆိုင်ကယ် ထုတ် လုပ်ရေး ကုမ္ပဏီတစ်ခုဟာ စစ်ဘက်သုံး ရေဒါဖမ်းလို့မရတဲ့ မော်တော် ဆိုင်ကယ်ကို တီထွင်လိုက်ပြီ ဖြစ် ပါတယ်။ ဒီ မော်တော်ဆိုင်ကယ်ဟာ နှစ်မျိုးသုံး အမျိုးအစား ဖြစ်ပြီး၊ လျှပ်စစ်စွမ်းအင်နဲ့ရော အင်ဂျင်ပါဝါနဲ့ ပါ မောင်းနှင် နိုင်စွမ်းရှိပါတယ်။ နှစ်ဘီးပါ စက်တပ်ယာဉ် အမျိုးအစားမှာ ပထမဆုံး နှစ်မျိုး သုံး မောင်းနှင်နိုင်ခြင်းအဖြစ် မှတ်တမ်း တင်ခြင်း ခံရမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပိုမို ကောင်း မွန်အောင် ပြုလုပ် သွားရဦးမှာ ဖြစ်ပါတယ်။ ဒီ မော်တော်ဆိုင်ကယ်ဟာ လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင် မှာ ဖြစ်တာမို့ မည်သည့် အသံမှ ကြားရမှာ မဟုတ်ဘဲ ရန်သူတွေကို လျင်မြန်စွာ တိုက်ခိုက် ဖြိုခွင်းရာမှာ များစွာ အသုံးဝင်မှာ ဖြစ်ပါတယ်။ အမေရိကန် အထူး တပ်ဖွဲ့ဝင်တွေ စီးနင်းဖို့ လိုအပ်ချက် တွေရှိနေ ပေမယ့် အနာဂတ်မှာ အသုံးပြု သွားဖွယ်ရှိနေ ပါတယ်။ လျှပ်စစ် စွမ်းအင်နဲ့ အသုံးပြုမောင်း နှင်မယ်ဆိုရင် တစ်နာရီ ကို မိုင် (၈၀၀) အထိ သွားလို့ ရပြီး၊ ဘက်ထရီက (၅ ဒသမ ၂) ကီလိုဝပ် အမျိုးအစား ဖြစ်ကာ နှစ်နာရီသာ ခံတယ်လို့ သိရပါတယ်။ နှစ်မျိုးသုံး မော်တော် ဆိုင်ကယ်အဖြစ် အလုံးစုံ ပြောင်းလဲနိုင် ပါက အနာဂတ် စစ်ပွဲတွေမှာ အသံလုံးဝ မထွက်တဲ့ မော်တော်ဆိုင်ကယ် တွေ ကို မြင်တွေ့ခွင့် ရတော့မှာ ဖြစ်ပါတယ်။

The Messenger News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...