မွေးရာပါ မအင်္ဂါ ချို့ယွင်းနေသော အမျိုးသမီးများကို မအင်္ဂါ အစားထိုး ကုသပေး


မြတ်ဆုကို နယူးယောက် ၊ ဧပြီ ၁၄

အမေရိကန် နိုင်ငံတွင် မွေးရာ ပါ မအင်္ဂါ ချို့ယွင်းနေသော အမျိုးသမီး လေးဦးကို ၎င်းတို့၏ အသားစ များသုံးကာ ဓာတ်ခွဲခန်း ၌ ဖန်တီး ထားသော မအင်္ဂါဖြင့် အစားထိုး ခွဲစိတ်ကာ ပုံမှန် အလုပ် လုပ်သော မအင်္ဂါသစ် ဖန်တီး ပေးနိုင် ခဲ့ကြောင်း သိရသည်။

အမျိုးသမီး တစ်ဦးချင်းစီ၏ ချို့ယွင်း နေသော မအင်္ဂါမှ အသားစ နမူနာများ ကိုယူကာ ထိုအသားစ များဖြင့် ဓာတ်ခွဲခန်း ၌ ပုံတူဂုဏ် သတ်္တိတူ အသားစ များကို ဖန်တီး သည်။ ထို့နောက် အမျိုးသမီး တစ်ဦးချင်း၏ ခန္ဓာကိုယ်တည် ဆောက်ပုံ အလိုက် ကိုက်ညီမည့် မအင်္ဂါ ပုံစံများကို ဖန်တီးတည် ဆောက်ယူ သည်။ လူ၏ ခန္ဓာကိုယ် တွင် အစာထိုး တွဲစပ်နိုင်မည့် အနေအထား သို့ ရောက်ရှိ သည်တွင် သက် ဆိုင်ရာ အမျိုးသမီးများ ၏ မအင်္ဂါ များ နေရာတွင် အစားထိုး ခွဲစိတ် ထည့်သွင်း ပေးခဲ့ခြင်းဖြစ်သည်။ ဓာတ်ခွဲခန်း တွင် ဖန်တီး ထားသော မအင်္ဂါ သည် ပုံမှန် မအင်္ဂါအတိုင်း တစ်ပုံစံတည်း အလုပ်လုပ် ကြောင်း သိရသည်။

မအင်္ဂါ အောင်မြင်စွာ အစား ထိုးနိုင် သည့် လုပ်ငန်းစဉ် အပြည့် အစုံကို The Lancet ကျန်းမာရေး ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထား ခြင်းဖြစ်သည်။ မြောက်ကာရိုလိုင်း နားပြည်နယ် Wake Forest ဆေး ဘက်ဆိုင်ရာ စင်တာမှ ဆရာဝန်များအဖွဲ့က မအင်္ဂါကို ဓာတ်ခွဲခန်းတွင် အောင်မြင်စွာ ဖန်တီးကာ အမျိုးသမီး လေးဦးတွင် အစားထိုး ထည့်သွင်း ပေးနိုင် ခဲ့ခြင်းဖြစ်သည်။

အစားထိုး ခွဲစိတ်ထည့်သွင်း ပေးခဲ့သော မအင်္ဂါသည် ပုံမှန်အလုပ်များ လုပ်နိုင်သလို လိင်ဆက်ဆံသည့် အခါတွင်လည်း နာကျဉ်ခြင်းမရှိဘဲ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်သဖြင့် အမျိုးသမီးများသည် ကိုယ်ဝန် လည်း ဆောင်နိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

Source: BBC
The Messenger News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...