သားဦးရတနာလေး ဖြစ်လို့ ပျော်ရွှင် ကြည်နူးနေတဲ့ ဖြိုးငွေစိုး



ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးနေတဲ့ “ယောက္ခမနဲ့ ကတောက်ကဆ” ဇာတ်ကားကို ဖြိုးငွေစိုး က နန်းခင်ဇေယျာ နဲ့ အတူ ပါဝင် သရုပ် ဆောင်နေပါ တယ်။ ယခု ဆိုရင် ဖြိုးငွေစိုး ရဲ့ဇနီး ဇင်ဇင် မှာလည်း ရင်သွေးလေး လွယ်ထား ရပြီဖြစ်ပြီး အာထရာဆောင်း ရိုက်ကြည့်တဲ့ အခါမှာတော့ ရင်သွေးလေး ကလည်း သားလေးဖြစ်တယ် လို့ သိရပါတယ်။ သားဦးလေး ဖြစ်တဲ့ အတွက် နှစ်ယောက် စလုံးကလည်း တအား ကို ပျော်ရွှင်နေရတယ် လို့ပြောတဲ့ ဖြိုးငွေစိုးက..

“ကျွန် တော် တို့နှစ်ယောက်စလုံးက သား ယောက်ျားလေး ကို သိပ်လိုချင်တယ်။ အခုလည်း လိုချင်တဲ့ အတိုင်းပဲ သားလေး ဖြစ်နေတယ်။ ဘာလိုချင်တယ် ဆိုတာကို မပြောခင် ကတည်းက သူ့ပုံစံကို ကြည့်တော့ သား ယောက်ျားလေး ပဲ ဖြစ်မှာပါ ဆိုပြီးပြောကြတယ်။ အမှန်မှာဆိုရင် အချိန်ကစောသေး တယ်။ မသိရသေး လောက်ဘူး။ ဒါပေမဲ့ ကလေး က တော်တော်လေး ထွား တယ်။ ဆရာဝန် သွားပြ တဲ့အခါ ကျတော့ ဆရာမ ဒေါ်မေသူမျိုးညွန့် က ကြည့်ပေးတော့ မထင်မှတ်ဘဲ နဲ့ သွားတွေ့တယ်။ သူ့သဘာဝ အတိုင်းဆိုရင် ၅ လကျော်လောက်မှ တွေ့ရမှာလေ။ အခုလို ကြိုသိ ရတော့ တအားကို ဝမ်းသာရတယ်။ အချိန် မကျသေးဘဲ သိရတော့ ဘာပဲပြောပြော ပျော်တယ်။ ဝမ်းသာရ တယ်။ ဒေါ်မေသူမျိုးညွန့် နဲ့ပဲ အပ်ထားတယ်။ အစ်ကိုက ကားတွေပဲ ဆက်တိုက် ရိုက်ဖြစ်နေတယ်။ သူကိုတော့ အချိန် ရရင် ရသလို ဂရုစိုက်ပေး ဖြစ်တယ်။ သူလည်း ကျန်းမာတယ်။ ကိုယ့်ရဲ့ ရင်သွေး လေး ကိုလည်း မွေးလာရင်တော့ အကောင်း ဆုံးဖြစ်အောင် ပြုစု ပျိုးထောင် ပေးမှာပါ။ ကျွန်တော့်တုန်းက တိုင်းပြည်ရော၊ ပရိသတ်ကို ရော အများကြီး အလုပ်အကျွေး မပြု နိုင်ခဲ့ဘူးလို့ ထင်ရင်တောင်မှ ကိုယ့် သားသမီး အလှည့်ကျရင်တော့ အများကြီး အလုပ်ကျွေး ပြုနိုင်အောင်လို့ သွန်သင်ဆုံးမ လမ်းညွှန်ပေး သွားမှာပါ” လို့ပြောပါတယ်။

ဧပြီ ၂၈ ရက်နေ့ ကတော့ ဖြိုးငွေစိုးရဲ့ မွေနေ့ဖြစ်ပြီး ရှုတင်မှာပဲ ဇာတ်ကား ရိုက်ရင်း မွေးနေ့ကို ဖြတ်သန်း ခဲ့ကာ ညနေပိုင်းမှာတော့ မိသားစုနဲ့အတူ ညစာထွက်စား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လွင်လွင်ထွန်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...