ရာသီဥတု ကောင်းမွန်စေဖို့ ဖားနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခြင်း



အိန်္ဒိယနိုင်ငံ၊ အက်ဆန်ကျေးရွာ မှာ ပြုလုပ်ခဲ့တဲ့ ပွဲတော် တစ်ခုက ထူးခြား လို့ နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲတော်မှာ ဖားနှစ်ကောင် ကို မင်္ဂလာဆောင်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။ အိန်္ဒိယနိုင်ငံမှာ ပူပြင်း လှတဲ့ ရာသီဥတုကို ကြုံတွေ့နေရတာမို့ လယ်သမား တွေဟာ လယ်ယာလုပ်ငန်း ကိုဝင်နိုင်ဖို့ အခက်တွေ့နေပါတယ်။ ဒါကြောင့်မို့ ရာသီဥတု သာယာစေဖို့ ရည်ရွယ်ချက်နဲ့ ရှေးရိုး အစဉ် အလာအတိုင်း ဖားနှစ်ကောင်ကို လက်ထပ် ပေးခဲ့ ခြင်း ဖြစ်ပါတယ်။ ဒီပွဲတော်ကို အမျိုး သမီးတွေက ဦးစီးကျင်းပ ခဲ့ခြင်းဖြစ် ပြီး တက် ရောက်လာတဲ့ ပရိသတ်က ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီး တွေဟာ ဖားနှစ်ကောင် ကို ဟိန္ဒူရိုးရာအစဉ်အလာအတိုင်း လက်ထပ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဖားတွေကို တန်ဖိုးကြီး အ၀တ် အထည်တွေနဲ့ ထုပ်ပိုးပြီး ခေါင်းပေါ်မှာ အနီစက်ကလေးတွေကို တို့ပေးခဲ့ပါတယ်။

ဒီနောက် ဖောင်ပုံစံပြုလုပ်ပြီး မြစ်ချောင်းထဲ မျှောပေးလိုက်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတု သာယာပြီး မိုးရွာစေမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။

The Messenger News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...