အသက်ရှည် ကျန်းမာဖို့ ဂျပန်တွေရဲ့ စားသုံးမှု ပုံစံကို အတုယူ သွားမယ့် ဗြိတိန်



ဂျပန်တွေဟာ ကမ္ဘာ့ အသက်ရှည်ဆုံး လူမျိုးအဖြစ် သတ်မှတ်ခြင်းခံ ထားရပါတယ်။ အထူးသဖြင့် ဂျပန် အမျိုးသမီး တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေကို နေ့စဉ် မှီဝဲနေတာမို့ သက်ရှည် ကျန်းမာနေခြင်း ဖြစ်တယ်လို့ စစ်တမ်းတွေ က ဖော်ပြ နေကြ ပါတယ်။ ဂျပန် အမျိုးသမီး တွေရဲ့ တစ်ဦးပျမ်းမျှ အသက်ဟာ (၈၆ ဒသမ ၄) နှစ် အထိရှိပါတယ်။ ဒါဟာ ကမ္ဘာမှာ ပျမ်းမျှ အသက်ရှည်ဆုံး အဖြစ် မှတ်တမ်း တင်ထားပါတယ်။ ဂျပန်တွေရဲ့ စားသုံးမှုပုံစံကို ဗြိတိန် တွေက လိုက်လံတုပသွားမယ်လို့ သိရပါတယ်။

ဗြိတိန် အမျိုးသမီး တွေရဲ့ တစ်ဦး ပျမ်းမျှ အသက်ဟာ (၈၂ ဒသမ ၇) နှစ်အထိ ရှိနေ ပေမယ့် ဂျပန် အမျိုး သမီးတွေရဲ့ တစ်ဦး ပျမ်းမျှအသက်ကို ယှဉ်နိုင်ခြင်းမရှိသေး ပါဘူး။ လေ့လာမှုစစ်တမ်းတွေအရ ဂျပန် အမျိုးသမီးတွေ ဟာ အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကို အဓိကစားသုံးနေခြင်း ကြောင့် ကျန်းမာ အသက်ရှည်နေခြင်းဖြစ် တယ်လို့ သိရပါတယ်။ ဂျပန်အမျိုးသမီးတွေ စားသုံးတဲ့ အစားအစာတွေဟာ ဗြိတိန်အမျိုး သမီးတွေ စားသုံးတဲ့ အစားအစာတွေ ထက် ကယ်လိုရီ (၂၅)ရာခိုင်နှုန်း ပိုမိုနည်းပါးတယ် လို့ သိရပါတယ်။

ဂျပန် အမျိုးသမီးတွေဟာ ငါးနဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို စား သုံးတဲ့အပြင် လက်ဖက်ရည်ကြမ်း ကို နေ့စဉ် သောက်သုံးတာမို့ ကျန်းမာအသက်ရှည် နေခြင်း ဖြစ်ပါတယ်။ ဂျပန်အမျိုးသားတွေရဲ့ တစ်ဦး ပျမ်းမျှ အသက်ဟာ (၇၉ ဒသမ ၉) နှစ်ရှိပြီး ဗြိတိန် အမျိုးသားတွေရဲ့ တစ်ဦး ပျမ်းမျှ အသက်က တော့ (၇၈ ဒသမ ၉)နှစ်ရှိပါ တယ်။ ဂျပန်လူမျိုးတွေဟာ လက်ဖက်ရည် ကြမ်းကို သောက်သုံးခြင်းကြောင့် ကျန်းမာရေး ကို များစွာအထောက်အကူ ဖြစ်စေ တယ် လို့ တွေ့ရှိခဲ့ရပါတယ်။

လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို လျော့ပါး သက်သာစေတဲ့ အပြင် အလုပ်လုပ်ရာမှာ တက်ကြွလန်းဆန်း မှုကို ဖြစ်ပေါ်စေပါတယ်။ မှန်ကန်တဲ့အစား အသောက်နဲ့ လက်ဖက်ရည်ကြမ်းကို နေ့စဉ် သောက်သုံးမှုကြောင့် ဂျပန်လူမျိုးတွေဟာ အသက်ရှည် ကျန်းမာနေခြင်းဖြစ် တယ်လို့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။



The Messenger News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...