ကုသိုလ်စိတ်ဖြင့် လုပ်ကြည့်မယ်
ကမ္ဘာနှင့်အ၀ှမ်း ရှေးရှေးကတည်းကစလို့ ၊ အိမ်တွင်းအလုပ်ဆိုတာ အမျိုးသမီးအလုပ်လို့ အသိအမှတ်ပြု ခဲ့ကြပါတယ်။ အိမ် ထောင်ရှင်မများအတွက် အိမ်မှုကိစ္စဗာဟီရ ဆိုတဲ့အတိုင်း၊ အိမ်ဦးခန်း ဘုရားစင်မှအစ အိမ်နောက်ဖေးမီးဖိုချောင်အဆုံး ကိစ္စကြီး ငယ်ဟူသမျှ မလစ်ဟင်း ရလေေ အာင် နေ့ စဉ်လုပ်ကိုင်နေကြ ရပါတယ်။ စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းဆိုသလို မကုန်သင့်တာမကုန်အောင်၊ အပိုငွေမစုမိနိုင်တောင်မှ ၀င်ငွေ ထက် ထွက်ငွေမပိုအောင် စီမံခန့် ခွဲတတ်ဖို့ လိုပါ တယ်။
အဖိုးအဖွား ၊ အဖေအမေ တို့ ခေတ်ကာလတွေတုန်းကလို အိမ်ထောင်ဦးစီးရှာဖွေသော ၀င်ငွေ တစ်ခု တည်းနှင့် တစ်မိသားစုလုံး ထိုင်စား၍ မရနိုင်တော့တာကြောင့်လည်း အိမ်ထောင်ရှင်မများ ကိုယ်တိုင် အစိုးရရုံးဝန်ထမ်းအလုပ်ဖြစ်စေ၊ ကုမ္ပဏီစက်ရုံ အလုပ်ရုံစတဲ့ ပုဂ္ဂလိကအလုပ်တွေ မှာဖြစ်စေ၊ မိမိအိမ်မှာ အထည်ချုပ် ဈေးဆိုင်တည်၍ဖြစ်စေ အလုပ်လုပ်လာကြရပါတယ်။ အိမ်ေ ထာင့် တာဝန်တစ်ဖက်၊ အလုပ် တစ်ဖက်နှင့်မို့  မိမိကိုယ်ကို သတိမထားမိဘဲ၊ စိတ်ဖိစီးမှုတွေပို လာခဲ့ တာတောင်မှ တာဝန်တွေမလစ် ဟင်းအောင် ဆောင်ရွက်နိုင်တာဟာလည်းအိမ်ရှင်မတစ်ေ ယာက်၏ အရည်အချင်းကောင်း တစ်ရပ် ဘဲ ဖြစ်ပါတယ်။
သို သော့် စက်ရုံမဟုတ်တဲ့ ပုထုဇဉ်ခန္ဓာကိုယ်ကြီးက စက်ရုပ်သဖွယ် အိပ်ပျော်နေချိန်မှလွဲ၍ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ၂-ရပ်စလုံး အလုပ်လုပ်နေရတာကြောင့် ရှင်းလင်း၊ ဆေးကြော၊ လျော် ဖွတ် စတဲ့ အိမ်အလုပ်တွေကို လုပ်ကိုင်ချင်စိတ်တွေ ကုန်ခမ်းလာ တတ်ကြပါတယ်။ မလုပ်လို့  ကလည်းမဖြစ်၊ မိမိလုပ်မှ အလုပ်ပြီးမြောက်တော့မှာမို့  ဆန္ဒကိုဖယ်၍၊ အလုပ်ထလုပ်ရတဲ့အခါ ပင်ပန်းနွမ်းနယ်မှု ပိုလာစေပါတော့တယ်။
(က) ယောကျာ်းမယူဘဲ အပျိုကြီးတစ်ကိုယ်တည်းနေခဲ့ရကောင်းသား..ပြန်တောင်အမ်းချင်တယ် …ခုတော့.. (ခ) အပူမရှာချင် လို့  အပျိုကြီးလုပ်ပါတယ်တော်…ကျန်တဲ့မိသားစုတွေတာဝန် နဲ့  အိမ်အလုပ်ပါ လုပ်နေရတယ်.. အိမ်ထောင်ပြုခဲ့ရ ကောင်း သား... (ဂ) မိသားစုတွေနဲ့ နေရတာ တစ်ခုတော့မကောင်း ဘူး… တစ်ယောက်ထည်းဆိုရင် ထချင်တဲ့ချိန်မှထ၊ စားချင်တဲ့ချိန် မှစား၊ ချက်ရမှာ ပျင်းရင် ၀ယ်စား လိုက် အေးရော.. တစ်ယောက်တည်း ဘော်ဒါဆောင်ဌားေ နချင်မိပါ ရဲ့ …(ဃ) အပျိုဘ၀တုန်း ကတော့ ခြေမွှေးလက်မွှေး မီးမလောင်ပေါင်ေ တာ်… ယောက္မအိမ်မှာေ နရတော့ ယောက္မ မျက်နှာကြည့် ရ ယောင်းမမျက်နှာကြည့်ရ နဲ့ … တကတည်းမှဘဲ…(င) အဖေ တို့ အမေတို့ အိမ်မှာနေတုန်းကတော့ စိတ်ကြိုက်နေခဲ့ရပေမယ့်…ခု မြို့ ပေါ်တက် အလုပ် ရှာ ဆွေမျိုးအိမ်ကပ်နေရတော့ အိမ်ရှင်ကြည်ဖြူအောင် လုပ်ရပေဦးမပေါ့……(စ) အပြင်အလုပ် တစ်ဖက် နဲ့ မို့ အိမ်အလုပ်တွေမနိုင်လို့  အိမ်အကူခေါ်ထားပါရဲ့  …သူငယ်မ ရွာကိုပြန်တာ ခဏ ခဏ …ခုတော့ ကိုယ်တိုင်လုပ်နေရတယ် အေ။ …စတဲ့ ဘ၀အကြောင်းအ မျိုးမျိုးတွေနှင့်အိမ်မှု ကိစ္စတွေကို မဖြစ်မနေလုပ်ဖို့ လိုအပ်လာပြီဆိုပါစို့ ။
(၁) အိမ်အလုပ်ကို တာဝန်ကြီးလို့ သဘောမထားပါနဲ့ ၊ တာဝန်ကြီးတစ်ရပ်လို သဘောထားရင် မလုပ်ချင် တာကို လုပ်ရတဲ့စိတ်က လူကို ဒေါသ(အ)ကုသိုလ်ဖြစ်ကာ စိတ်ဖိစီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။
(၂) အိမ်အလုပ်ဆိုတာ… ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး ကွာ ဖြည်းဖြည်းချင်း လုပ်သွားတော့လဲ ပြီးသွား တာပါဘဲ။
(၃) ဘုရားစင်သန့် ရှင်းရေး လုပ်ပြီးတဲ့အခါ၊ မြတ်စွာဘုရားရှင်ကို ဖူးမော်ကြည့်လိုက်ပါဦး။ သန့် ရှင်းသွားလို့  ကြည်လင်တဲ့ စိတ်က တကယ့်ကိုအေးချမ်းသွားစေ ပါလိမ့်မယ်။
(၄) အိမ်ရှင်း တံမြက် စည်းလှည်း ကြမ်းတိုက်တော့ မယ်ဆိုရင် မိမိနှစ်သက်တဲ့သီချင်းလေးဖွင့်၍ နားထောင်သည်ဖြစ်စေ၊ မိမိဖာသာသီချင်း တအေးအေးဖြင့်ဆို၍ဖြစ်စေ၊ အလုပ်လုပ်ကြည့်ဖူးပါ သ လား၊ မောလို့ မောမှန်းတောင် မသိတော့ဘူးနော် (သို့ မ ဟုတ်) ဘုရားစာဆိုရင်း အလုပ်လုပ်တော့
ကုသိုလ်လဲရ အိမ်အလုပ်လဲပြီး ကဲ ဘယ်လောက်ကောင်းသလဲ။
(၅ ဒီနေ့ ဘာဟင်း ချက်ရပါ့၊ ဖွယ်ဖွယ်ရာရာ လေးချက်ပေးလိုက်ဦးမယ် မြင်ယောင်ပါသေးတော် သူတို့ တွေ ခေါင်းမဖော်တမ်း စားနေကြဦးမှာ။
(၆) ပန်းကန်တွေတစ်ထပ်ကြီး ဆေးရတော့ မယ်ဆိုပါစို့ ၊ အော် ပန်းကန်လေးတွေ သနားစရာကောင်း လိုက်တာ ဆီပျားတွေ နဲ့ ပေတလူးလို့ …ဟော ခုလို ဆေးကြောပြီးတော့ သန့် စင်သွားတာဘဲ ..သူတို့  ကိုကြည့်ပြီး ကိုယ်တောင် သန့် စင်အေးမြ သွားသလိုဘဲ.. ပန်းကန်စင်ပေါ်တင် လိုက်တော့ ဘယ်လောက် ကျက်သရေရှိသလဲ။
(၇) အ၀တ်တွေတပုံကြီး လျှော်ရဦးမှာပါလား၊ အင်း မလျှော်ခင်သာများတယ်ထင်တာပါ လျှာ်လိုက်တော့ လည်းပြီးသွားတာ ပါဘဲ။
(၈) အိမ်သာ သန့် ရှင်းရေးလုပ်တာ ကုသိုလ်ရမွန်မြတ်တဲ့အလုပ်လေ ဆပ်ပြာရေတွေ မစင်ရင် သူများတွေချော်လဲနေဦးမယ် သေသေချာချာစင်အောင် လုပ်ပေးလိုက်ဦးမှ။
(၉) မီးပူတွေတထပ်ကြီး တိုက်ရဦးမှာ ပါလား သီချင်းလေးဆို(သို့မဟုတ်) ဘုရားစာရွတ်ပြီး တိုက် လိုက်တော့ ပြီးလို့ ပြီးမှန်းတောင် မသိလိုက်ဘူး.. အ၀တ်လေးတွေက အခုတော့လည်း အပုံလိုက်တန်းစီ လို့ .. ရဲဘော်လေးတွေတန်းစီ။
ပျော်ရွှင်တာ က ကုသိုလ်စိတ်၊ မပျော်ရွှင်တာ က အကုသိုလ်စိတ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကုသိုလ် စိတ်ဖြင့် အလုပ် လုပ်ကြည့်ကြပါစို့ လားရှင်။
*(ဆောင်းပါးရှင်…ပေါက်ပေါက်….ခံစားတင်ပြသည်)*
Credit: promise.pauk