အမေရိကန်အစိုးရမှ ဖူးဘရိုက် နိုင်ငံခြားကျောင်းသား ပညာသင်ဆုနှင့် ဟမ်ဖရီဖယ်လိုးရှစ် အစီအစဉ်အတွက် လျှောက်ထားနိုင်မည်

အတွဲ (၁၅)၊ အမှတ် (၁၆)


အမေရိကန်အစိုးရမှ ၂၀၁၅ ခုနှစ်အတွက် ဖူးဘရိုက် နိုင်ငံခြား ဘာသာသင်ကြားရေး အထောက်အကူပြု ပညာသင်ဆု (FLTA) ဟမ်ဖရီဖယ်လိုးရှစ် ပညာသင်ဆု အစီအစဉ်အတွက် လျှောက်လွှာများ ဇွန်လ ၂၀ ရက် နောက်ဆုံး လျှောက်ထား နိုင် မည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖူးဘရိုက်နိုင်ငံခြား ကျောင်းသား ပညာသင်ဆုသည် အမေရိကန် တက္ကသိုလ်များတွင် မဟာဘွဲ့ ပညာသင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများ အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ခေါင်းဆောင် မှု စွမ်းရည်၊ အကယ်ဒမစ် ပညာရေး၊ ရင့်ကျက်မှု စသည့် အရည်အချင်း ရှိသူများကို ရွေးချယ်ပေးသွား မည် ဖြစ်ပြီး ဟမ်ဖလို ဖယ်လိုးရှစ် ပညာသင်ဆုတွင် နိုင်ငံခေါင်းဆောင်စွမ်းရည် အလားအလာရှိသူ၊ အများပြည် သူနှင့် ပုဂ္ဂလိက ကဏ္ဍတို့ကို အကျိုးပြုရန် စိတ် ပိုင်း ဖြတ်ထားသူများကို ဘွဲ့လွန်အဆင့် အကယ်ဒမစ် သင်ခန်းစာနှင့် ပရော်ဖက်ရှင်နယ် အတွေ့အကြုံများအတွက် သင်ကြားပို့ချပေးမည် ဖြစ်သည်။ အမေရိကန် တက္ကသိုလ်များတွင် ပညာသင်ယူ နေစဉ်မှာပင် တက္ကသိုလ်တွင် မြန်မာဘာ သာစကား သင်ကြားရေး၌ ကူညီပံ့ပိုးရမည်ဖြစ်ပြီး ပညာသင်ကာလမှာ ကိုးလကြာမြင့်မည်ဖြစ်သည်။

ဖူးဘရိုက် နိုင်ငံခြားဘာသာ သင်ကြားရေး အထောက်အကူပြု ပညာသင်ဆုသည် မြန်မာလူငယ် အင်္ဂလိပ် ဆရာများ၏ သင်ကြားရေးနှင့် အင်္ဂလိပ်ဘာသာစွမ်းရည် မြင့်မားစေရန် ရည်ရွယ်၍ ပညာသင်ဆု ထောက် ပံ့ပေးခြင်းဖြစ်ပြီး အမေရိ ကန်နိုင်ငံတွင် တစ်နှစ်ကြာသွားရောက် လေ့လာသင်ယူရမည့် အခွင့်အလမ်း အတွက်လည်း ပညာရှင်များ၊ ပါမောက္ခများနှင့် ပရော်ဖက်ရှင်နယ် လုပ်ငန်းအတွေ့ အကြုံအနည်းဆုံး ငါးနှစ် ရှိသူများသာ လျှောက်ထားနိုင်မည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက www.burma.usembassy.gov တွင် ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည်။

အေးဖြူ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...