သင့်မှာ သွေးတိုးရောဂါ ရှိပါသလား
![]() |
ဒီနေ့ ခေါင်းမူးလို့၊ ခေါင်းထိုးလို့၊ သွေးကျဆေး သွားဝယ် သောက်လိုက်တယ်။ အခုတလော သွေးမတိုးတော့လို့ သွေးကျဆေး မသောက်တော့ ဘူးစသည်ဖြင့် ကြားနေမြင်နေ ရပါသည်။
သွေးတိုးရောဂါ ဟူသည်မှာ ယခုသွေးတိုးလျှင် ယခု ဆေးသောက်ပြီး မတိုးတော့လျှင် ဆေးမသောက် ရတော့မည့် ရောဂါမျိုး မဟုတ်ပါ။ ဆရာဝန်ညွှန်ကြား သည့်အတိုင်း သွေးကျဆေးကို မပြတ်မလပ်တစ်သက် လုံးမှန်မှန် သောက်ရမည့် ရောဂါဖြစ်ပေသည်။ ဆေးလုံးဝ မသောက်လျှင် (သို့မဟုတ်) ဆေးမှန်မှန်မသောက်လျှင် သွေးတိုးရောဂါ၏ ဆိုးကျိုးများကို ခံစားရပေမည်။ နှလုံး သွေးကြောပိတ်သည်ဟု အများသိကြသော နှလုံးမှာ အောက်ဆီဂျင် မလုံလောက်ခြင်း၊ ကျောက်ကပ်ရှိ သွေးကြော လေးများကို ထိခိုက်ပြီး ကျောက်ကပ် ပျက်စီးခြင်း၊ မျက်စိရှိသွေးကြောလေးများကို ထိခိုက်ပြီး အမြင်အာရုံ ပျက်စီး ခြင်း၊ ဦးနှောက်ရှိ သွေးကြောများထိခိုက်ပြီး လေဖြတ်ခြင်းတို့သည် သွေးတိုးရောဂါ၏ ဆိုးကျိုး လေးမျိုးဖြစ်သည်။ သွေးကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှန်မှန်သောက်သုံးလျှင် ထိုဆိုးကျိုးများကို မကြုံ တွေ့ရဘဲ သွေးတိုး ရောဂါရှိသူသည် သွေးတိုးရောဂါ မရှိသူများကဲ့သို့ပင် အသက်ရှည် ကျန်းမာနိုင်ပါသည်။ စိတ်ထင်တိုင်း ဆေးဝယ်သောက်လိုက်၊ မသောက် လိုက်ပြုမူလျှင်ကား ထိုဆိုးကျိုးများကို မကာကွယ်နိုင်ပါ။
ဤနေရာမှာ သင့်ကိုယ်သင် သွေးတိုးရောဂါ အမှန်တကယ်ရှိပါသလားဟု သိရန်လိုအပ်ပါသည်။ အမှန်တကယ် ရှိမှသာလျှင် သွေးကျဆေးကို စတင် သောက်သုံးသင့်ပါသည်။ ဆေးတိုင်းမှာ မလိုလားအပ် သော ဆိုးကျိုး (side effect) များရှိပါသဖြင့် လိုအပ်မှ ပင်သောက်သုံးရပါမည်။
သွေးတိုးရောဂါ ရှိ မရှိကို တစ်ကြိမ်တည်းတစ်ရက် တည်းဆုံးဖြတ်၍မရပါ။ ကမ္ဘာတစ်ဝန်းလုံး ဆေးပညာ ရှင်တွေ သဘောတူဆုံးဖြတ်ထားကြသည်မှာ ဆေးခန်း ကိုအနည်းဆုံး နှစ်ခါ သွေးချိန်ဖို့သွားရမည်။ တစ်ခါသွားလျှင် ဆရာဝန်က မှန်ကန်သောသွေးချိန်နည်းဖြင့် အနည်းဆုံး နှစ်ကြိမ်ချိန်ရမည်။ ဆိုလိုသည်မှာ အကြောင်းတစ်ခု ခုကြောင့် ဥပမာ-ဖျားလို့၊ ခေါင်းကိုက်လို့ ဆေးခန်းသွား ရင်း သွေးတိုးတာတွေ့တယ်ဆိုပါစို့။ နေကောင်းသွားလျှင် ယင်းဆေးခန်းကို နောက်ထပ် နှစ်ခါ သို့မဟုတ် သုံးခါပြန်သွားပါ။ တစ်ခါသွားလျှင် ဆရာဝန်က အနည်းဆုံး နှစ်ကြိမ် သွေးချိန်ပါလိမ့်မည်။ ဤကဲ့သို့ ချိန်သည့်အခါတိုင်းမှာ သွေးပေါင်ချိန်မြင့်တက်နေမှ သာလျှင် သွေးတိုးရောဂါရှိ သည်ဟု အမည်တပ်နိုင်ပါလိမ့်မည်။
ထို့ကြောင့် သင့်မှာသွေးတိုးရောဂါအမှန်တကယ် ရှိမရှိဆန်းစစ်ပါ။ သွေးတိုးရောဂါရှိလျှင်သော်လည်းကောင်း၊ မရှိလျှင်သော်လည်းကောင်းသွေးကျဆေးကို စိတ်ထင်တိုင်းဝယ်ယူမသုံးစွဲသင့်ပါ။ သင့်အတွက် အန္တရာယ်ရှိပါ သည်။
ဤနေရာမှာ ဆရာထွန်းအောင်လှ(လုပ်ငန်းခွင်ကျန်းမာရေး)၏ ''စပ်ဆေးအန္တရာယ်'' ဆောင်းပါးကို ရည်ညွှန်းလို ပါသည်။ ထင်သလို စပ်ဆေးဝယ်သောက်လျှင် အပ်နှင့်ထွင်ရမည်ကို ပုဆိန်နှင့် ပေါက်ရမည့် အဖြစ်ရောက်သွားနိုင် ပါကြောင်း ဆရာတင်ပြထားသည်မှာ အလွန်မှန်ကန်ပါသည်။ သွေးတိုးရောဂါရှိမရှိ ဆုံးဖြတ်ရန် ဆေးခန်းသွားခြင်း၊ ဆေးမှန်မှန်သောက်ရန် ဆေးဝယ်ရခြင်း၊ ဆရာဝန်နှင့်ညှိနှိုင်းပြီး သွေးတိုးကို ထိန်းနေရခြင်းတို့အတွက် ကုန်ကျ စရိတ်များသည် နှလုံးသွေးကြောပိတ်၍ ဆေးရုံတက်ရသောစရိတ်၊ လေဖြတ်၍ အလုပ်မလုပ်နိုင်တော့ခြင်း တို့ကြောင့် ကုန်ကျသောစရိတ်၊ လျော့ပါးသောဝင်ငွေ၊ ကိုယ်ချစ် သောမိသားစုအပေါ် ကျရောက်သော ဝန်ထုပ်ဝန်ပိုး များနှင့် စာလျှင် မပြောပလောက်ပေ။
အကြင်နာ သဒ္ဓါတရားနှင့် ပြည့်စုံကြသော ''မော်'' တို့ ပြည်သူများအနေဖြင့် တတ်နိုင်သောပြည်သူတို့က မတတ်နိုင် သောပြည်သူများအား လည်းကောင်း၊ နှလုံးသား နှင့်ဆေးကုကြသော ဆရာဝန်တို့က လိုအပ်နေသော လူနာများ အားလည်းကောင်း၊ လူမှုအဖွဲ့အစည်းများက အကူအညီလိုနေသော ပြည်သူများအားလည်းကောင်း ဖေးမကူညီ ကြခြင်း၊ လူနာကိုယ်တိုင်ကလည်း ဆေးလိပ်၊ အရက်၊ အပျော်အပါးတို့မှာ အသုံးစရိတ်ကို လျှော့ပြီး ကိုယ့် ကျန်းမာရေးကို ကိုယ်တာဝန်ယူကြခြင်းဖြင့် နိုင်ငံတော်မှာ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်စိကွယ်ခြင်းများ လျော့နည်းသွားပါစေဟု ဆန္ဒပြုအပ်ပါသည်။ ။
The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ကန်ဒေါ်လာ တစ်သိန်းတန် သရဖူယူပြီး တိမ်းရှောင်နေသည်ဟု မေမြတ်နိုး စွပ်စွဲခံရ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) အချိုမှုန့် ဆိုတာ ဘာလဲ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...