ဝိတ်ချနည်း...
အခုပဲ ဝိတ်ချနည်းတစ်ခု ဖတ်မိတယ်... ပိန်ချင်သူတွေ စမ်းကြည့်နိုင် ပါတယ်နော်။ ဒီနည်းကို ဂျပန်၊ ကိုးရီးယားတွေ တော်တော်အသုံးပြုတယ်လို့ ဆိုထားပါတယ်။ တစ်လကို ၈ ကီလိုလောက် ကျပါသတဲ့။ ဝိတ်ချနည်းက "ငှက်ပျောသီး ရှာလကာရည်" ပါ။
လုပ်နည်းက...
(၁) ငှက်ပျောသီး အမှည့်တစ်လုံးကို ပါးပါးလှီး
(၂) သကြား အညိုရောင်.. သူက ညိုလေ ကောင်းလေ ပြောထားတယ် (ကြံသကာလည်း ရမယ်လို့ ကျွန်မထင်တယ်) သင့်တော်ရုံ
(၃) ရှာလကာရည် (ဆန်ရှာလကာရည် သို့မဟုတ် သစ်သီးရှာလကာရည်)
အားလုံးကို အတူရောပြီး လေလုံတဲ့ ဖန်ဘူးတစ်ခုထဲထည့်၊ ၂၄နာရီကြာရင် သောက်နိုင်ပါပြီတဲ့။ တစ်နေ့ကို မနက်၊ နေ့လယ်၊ ည ခွဲပြီး တစ်ဇွန်းစီ သောက်ပေးနိုင်ပါ တယ်တဲ့။ တကယ်လို့ ငှက်ပျောသီး မကြိုက်ရင် ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီတွေနဲ့ လုပ်လို့ရပါတယ်တဲ့။ ကြက်ဟင်းခါးသီးနဲ့တောင် လုပ်လို့ ရတယ်ပြောပါတယ်။ ဒါကို သောက်ခြင်းအားဖြင့် ကိုလက်စထောကို ပုံမှန်ဖြစ်စေ ပါသတဲ့။
တကယ် ဝိတ်ကျ မကျတော့ စမ်းကြည့်မှ သိနိုင်မှာပါနော်.. ဖတ်မိတာလေး မျှဝေပါတယ်။

နိုင်းနိုင်းစနေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ပံုတစ္ပံုအား Zoom နှင့် ဆွဲရိုက်ခြင်းနှင့် Crop လုပ်ခြင်းတို့ ကွာခြားချက် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး
- (အနောကျသို့) ရန်ကုန် တက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်မှ ကျောင်းသားများအား ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ပညာရပ်ဆိုင်ရာ ပညာသင်ဆု ပေးအပ်မည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး