သူတို့ဆီက အနုပညာဆန်တဲ့ ဗူးသီးများ...
![]() |
တရုတ်ပြည် ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုံး |
တရုတ်နိုင်ငံက လယ်သမားအချို့ဟာ ဗူးပင်တွေ စိုက်ပျိုးတဲ့နေရာမှာ အတော်လေး အနုပညာဆန်ကြပြီး လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်... လျှပ်တပျက် ကြည့်လိုက်ရင်တော့ ဗူးပင်တွေမှာ ဖယောင်းရုပ်တွေ ချိတ်ဆွဲထားသလား ထင်မှတ်ရပါတယ်... တကယ်တော့ ဖယောင်းရုပ်တွေ မဟုတ်ပါဘူး... အနုပညာဆန်ဆန် ဖန်တီးထားတဲ့ ဗူးသီးအစစ်တွေပါ... စိုက်ပျိုးပုံကလည်း ရိုးရှင်းပါတယ်... အခြားဓာတု ပစ္စည်းတွေလည်း သုံးစရာ မလိုပါဘူး... လိုချင်တဲ့ ပုံစံကို အသင့်လုပ်ထားတဲ့ ပလတ်စတစ် ပုံစံခွက်တွေနဲ့ ထည့်ပြီး စိုက်ပျိုးကြတာပါ... ဒီပုံစံတွေထဲမှာ လူကြိုက် အများဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံးကတော့ တချိန်တုန်းက တရုတ်ပြည် ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ ပုံပါပဲ....
ဒီလို အနုပညာဆန်ဆန် ဗူးပင်စိုက်ပျိုးမှုကို Xie Lyu Zhi လို့ ခေါ်တဲ့ တရုတ်လူမျိုး တဦးက စတင်ခဲ့တာပါ... Sichuan ခရိုင်က ဗုဒ္ဓဘာသာ ဘုန်တော်ကြီးတပါးရဲ့ အိပ်မက်အရလို့ ဆိုပါတယ်... Xie ဟာ ပလတ်စတစ် ပုံစံခွက်တွေကို ကိုယ်တိုင်ပြုလုပ်ပြီး အဆိုပါဗူးပင်တွေကို စိုက်ပျိုးခဲ့တဲ့အပြင် ဈေးကွက်မှာလည်း ဖြန့်ဖြူး ရောင်းချလျှက် ရှိပါတယ်...
တရုတ်နိုင်ငံရှိ တရုတ်လူမျိုးတွေရဲ့ အဆိုအရ အခုလို အထူးပြုလုပ်ထားတဲ့ ဗူးသီးတွေဟာ သူတို့အတွက် ငွေရွှင်ခြင်းနဲ့ ကံကောင်းခြင်းတွေကို ဖြစ်စေတယ်လို့ ယုံးကြည်ထားကြပါတယ်... ဒါ့အပြင် ကလေးတွေရဲ့ စူးစမ်းလေ့လာမှု အရည်အသွေးကိုလည်း မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်....။
ref;China Topix/ Kotaku/ odditycentral/ By Ko Myo
--------------------------------------
- (အရှေ့သို့) အဖွားအိုရဲ့ အိမ်ထောင်ရေး ဗျူဟာ.... ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) Honor 3C MT6582 မှာ ဖြစ်လေ့ရှိသော flashtool error 2004 repair ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ