ခြေသည်း စုဆောင်းတဲ့ ထူးဆန်း ပုဂ္ဂိုလ်...
အခြားသူတွေ ရွှေ၊ ငွေတွေ စုဆောင်းနေချိန် အသက် ၅၈ နှစ်အရွယ် စီးပွားရေးသမား ရစ်ချက်ထ် ဂစ်ဘ်ဆန် ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ ညှပ်ထားတဲ့ ခြေသည်းတွေကို ဖန်ဗူးတွေထဲမှာ ထည့်ပြီး စနစ်တကျနဲ့ စုဆောင်းနေပါတယ်... ၁၉၇၈ ခုနှစ်ကနေစလို့ ယနေ့အချိန်ထိ ၃၆ နှစ်တာ ကာလလုံး စုဆောင်းလာတာ ဖြစ်ပါတယ်... ကမ္ဘာပေါ်မှာ တကယ့်ကို အထူးခြားဆုံး စုဆောင်းမှု တခုပါ..
ရစ်ချက်ထ်အနေနဲ့ အခုလို ခြေသည်းတွေ စုဆောင်းနေတာဟာ ထူးဆန်းတဲ့ အလေ့အထ တခုဖြစ်ပြီး... ဒီခြေသည်းတွေကို ဘာလုပ်မယ်ဆိုတဲ့ တိကျတဲ့ အစီအစဉ်တော့ မရှိဘူးလို့ ဆိုပါတယ်...
ခြေသည်းတွေကို စတင်ပြီး စုဆောင်းဖြစ်ခဲ့တဲ့ အနေအထားကတော့ ဒီလိုပါ... ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ တနေ့မှာ ရစ်ချက်ထ်ဟာ သူ့ရဲ့ခြေသည်းတွေ ရှည်နေလို့ ညှပ်ခဲ့တယ်လို့ ဆိုပါတယ်... ဒါပေမဲ့ ညှပ်ထားပြီး ခြေသည်းတွေကို မပစ်ထုတ်ဘဲ လက်သည်းညှပ် ပစ္စည်းတွေ ထည့်သိမ်းထဲ့ ဗူးထဲကို ထည့်လိုက်ပါတယ်... အဲဒီနောက်ပိုင်းကနေစပြီး ခြေသည်းတွေ စုဆောင်းတဲ့ အလေ့အထ တခု ရသွားလို့ ပြောပါတယ်...။
ref;Huffington Post/ Ko Myo
--------------------------------------
- (အရှေ့သို့) အသက်ဘေးမှ ထူးထူးခြားခြား လွတ်မြောက်လာသူ ၂ ဦး JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) အဖွားအိုရဲ့ အိမ်ထောင်ရေး ဗျူဟာ.... JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း