ပိန်ချင်လို့ နံရိုးထုတ်တဲ့ အဆိုတော်

Thalía လို့ပဲ လူသိများတဲ့ မက္ကဆီကိုနိုင်ငံ မက္ကဆီကို အဆိုတော် Ariadna Thalia Sodi Miranda ဟာ ပိန်ဖို့အတွက် နံရိုး ထုတ်ခဲ့ ပါတယ်။ 
နံရိုး ဘယ်နှစ်ချောင်း ထုတ်တယ် လို့တော့ သေသေ ချာချာ ပြောမထား ပေမယ့် သူမ ထုတ် ထားတဲ့ နံရိုးကို ဖန်ပုလင်းထဲ ထည့်ထားတာကို ယခုလို မြင်တွေ့ ရမှာပါ။ ဒါကို သူမရဲ့ ပရိတ် သတ်တွေ မြင်ဖို့အတွက် ဓာတ်ပုံ ရိုက်လို့ အင်တာနက်ပေါ်မှာ တင်ခဲ့ခြင်း ဖြစ်ပါတယ်။ Ariadna Thalia Sodi Miranda ဆိုတာ အသက် ၄၂ နှစ်ရှိပြီ ဖြစ်တဲ့ အဆိုတော် ဖြစ်ပြီး ကမ္ဘာကျော် အဆိုတော် တစ်ဦး ပါပဲ။ ဖိလစ်ပိုင်မှာလည်း သူမကို အားပေးတဲ့ သူတွေ များကြောင်း ရေးသားထားကြ ပါတယ်။ အသက်ကြီး လာတာနဲ့အမျ ထိန်းရခက်မယ့် အဆီအတွက် သူမ စဉ်းစားတဲ့ နည်းလမ်းက ကြောက်စရာ ပါပဲ။

နံရိုးကို ခွဲလို့ ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက်အန္တရာယ် ရှိတဲ့ ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးကို သူမ ဘယ်နေရာ မှာ ပြုလုပ်ခဲ့တယ် ဆိုတာတော့ ပြောပြ မထားပါဘူး။ ပိန်သွယ်လှတဲ့ ခါးနဲ့တေ့ ပွဲတကာ တက်ပြီး အလှ ဓာတ်ပုံများလည်း ရိုက်ကူးနေပြီ ဖြဖစ်ပါတယ်။ ဓာတ်ပုံ များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/news/article-2723288/Mexican-singer-removed-ribs-look-thinner-posts-grinning-selfie-bones-pickling-jar.html


အောင်ခမ်း (www.innewsmyanmar.com)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...