ကင်ဆာအတွက် ကညွှတ်များ
ကညွတ်ရဲ့ တန်ဖိုး (အပန်း မကြီးရင် မျှဝေပေးပါ)
ကိုဝမ်း ရဲ့ Post လေးထဲက စိတ်မကောင်း ဘွယ်ရာ သွေးကင်ဆာ ခံစားနေ ရသော ဝေဒနာရှင် လေးကို တွေ့လိုက် ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့ ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေ ပုံလေးကို စိတ်ဝင်စား မိခဲ့ပါတယ်… အပန်းမကြီး ဘူးဆိုရင် လုပ်ကြည့် စေချင်ပါတယ်… ငွေအကုန် အကျ လည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကို မူရင်းအတိုင်း မျှဝေ တင်ပေး လိုက်ပါတယ်.. မူရင်း….. Asparagus…..whether U believe it or not ဆိုတဲ့ ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။ သူလည်း သူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာ ဖြစ်ပါတယ်။ သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့ ယုံခြင်ယုံ မယုံခြင်နေ… ဟုတ်မဟုတ်တော့် မသိဘူး…ကိုယ်တိုင်လည်း မဆန်းဖူးလို့ပါ။ ဟိုးဖက် အစွန်ဆုံးကတော့ white asparagus (မြန်မာလို မသိ) သူ့ အတိုင်း ဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလို ကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wild asparagus သူတိုင်းဆို ကညွှတ်ရိုင်း ဖြစ်ပါတယ်။ နှစ်ပေါင်းကတော့ နည်းနည်း ကြာသွားပြီ လူတစ်ယောက်က ကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်း တစ်ယောက် အတွက် ကညွှတ်ပင် လိုက်ရှာနေတာ ကျွန်တော် တွေ့ခဲ့ဘူးတယ်။ ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်ဘာလထုတ် ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့ စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။ စာရွက်က အကြောင်းအရာ ကတော့ Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ) ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ ဝေမျှခြင်း သက်သက်သာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ ရှာဖွေချက်တွေကနေ ကညွှတ် ကနေ ကင်ဆာရောဂါ ကုသနည်းကို သင်ယူခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ သူရဲ့ပရောဂျက် လုပ်ငန်းတွေ ထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာ ရောဂါ ကုသပျောက်ကင်း သွားတဲ့ အထောက်အထား အချက်အလက်တွေ တော်တော်များများ ရှိခဲ့ပါ တယ် အဲ့ဒါတွေကတော့ ….. ၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက် မဲ့လုနီးပါး ဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။ ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသ အပြီးမှာတော့ ဆရာဝန် စစ်ဆေး ကြည့်တာ ကင်ဆာရှိကြောင်း မပေါ်လာတော့ ပါဘူး။ နောက်ဆုံး သူဟာ ပြန်ကောင်း သွားပါတယ်။ ၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ် စီးပွားရေး သမားတစ်ယောက်ဟာ ဆီးကြိတ်တည်တဲ့ ကင်ဆာ ကို ခံစားနေရတာ ၁၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း ပြုခဲ့သော်လည်း တိုးတက်လာခြင်း မရှိပါဘူး။ နောက်ဆုံး ၃ လ အတွင်း ကညွှတ် ကုထုံးနဲ့ ကုပြီးနောက် စစ်ဆေးကြည့်တဲ့ အခါမှာတော့ ဆီးကြိတ်များဟာ ပျောက်သွားပြီး ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ ဆေးစစ်တဲ့ အဖြေမှာ တွေ့ခဲ့ရပါတယ်။ ၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရ ပါတယ်။ ၁၉၇၁ မတ်လ ၅ ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ ရာမှာတော့ ရောဂါဟာ အလွန်ရင့်ပြီး အမြစ်များဟာ တော်တော် ပြန့်နေတဲ့အတွက် ခွဲစိတ်လို့မရ ခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေး ခဲ့ကာ မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ ထိုလူနာဟာ ကညွှတ် ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။ သြဂုတ်လမှာတော့ ဓါတ်မှန် သွားရိုက်ကြည့်တဲ့ အခါမှ ကင်ဆာလက္ခဏာ ပြနေတာတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။
ပြုလုပ်နည်း….. ကညွှတ်ကို သစ်သီးဖျော်စက်ထဲ ထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။ ထိုကညွှတ်ရည် ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို မနက်တစ်ကြိမ် ည တစ်ကြိမ်တိုက်ပါ။
Credit : ဦးမိုး မင်း
ref;akyinnarnan.com
--------------------------------------
- (အရှေ့သို့) မျမင္ရေသာ ဆေးဝါးများ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) စိတ်အား ထက်သန်ခြင်းသည် အောင်မြင်မှု၏ သော့ချက် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း