မွေးကတည်းက သွား ၂၈ ချောင်း ပါလာတဲ့ ကလေးငယ်
ဒီသတင်းကတော့ နည်းနည်းတော့ ကြာပါပြီ... ကင်ညာနိုင်ငံက အဖြစ်အပျက်လေး ပါ... ကလေး ၄ ယောက်မိခင် မာသာ ဟာ သူမရဲ့ ၅ ယောက် သားဖြစ်သူကို မွေးဖွားတဲ့ အချိန်မှာ သွား ၂၈ ချောင်း ပါလာလို့ အတော်လေး တုန်လှုပ် ခဲ့တယ်လို့ ဆိုပါတယ်... ဟုတ်ပါတယ်... ဒီကလေးငယ်ကို မွေးတဲ့အချိန်မှာ ပါးစပ်ထဲမှာ သွား ၂၈ ချောင်းတိတိ ပါလာတာကို ထူးဆန်း အံ့သြစွာ မြင်တွေ့ခဲ့တာပါ...
ဒေသတွင်းက ဆရာဝန် တစ်ဦးဖြစ်တဲ့ ပီတာ ရဲ့ အဆိုအရ မာသာ ဟာ သူမရဲ့ သားငယ်ဖြစ်သူ ဂျိမ်းစ် ကို သူမရဲ့ နေအိမ်မှာပဲ ကျန်းကျန်း မာမာနဲ့ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်... ဒါပေမဲ့ ပါးစပ်ထဲမှာ ဒီလို ထူးထူးဆန်းဆန်း သွားတွေ အများကြီး တွေ့ခဲ့ပြီးတဲ့ နောက်မှာတော့ ဒေသတွင်းမှာ ရှိတဲ့ ကျန်းမာရေး ဌာနကို အရေးပေါ် ပို့ခဲ့ရသေးတယ် လို့ ပြောပါတယ်...
ဂျိမ်းစ်ဟာ ဘာခွဲစိတ် ကုသမှုမှ မလုပ်ခဲ့ရပဲ ပုံမှန်အတိုင်း နေလာခဲ့တာ အခုဆိုရင် အသက် ၄ နှစ်အရွယ် ဖြစ်နေပါပြီ...။
အသေးစိတ် သတင်းကို အောက်က ဗွီဒီယိုဖိုလ်မှာ ကြည့်ရှုနိုင်ပါတယ်...
ref;oddee/ by Ko Myo
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook