သင်္ချာနှင့် စာဖတ် ကျွမ်းကျင်မှုတို့အတွက် အဓိကကျတဲ့ မျိုးဗီဇတွေ တူညီနေ
ကလေးတွေ စာဖတ်စွမ်းရည် မြင့်မားမှုနဲ့ သင်္ချာ ကျွမ်းကျင်မှု တွေအတွက် နည်းနည်းသာ ကွဲပြားမှုရှိတဲ့ မျိုးဗီဇတစ်စုံက အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၂၀၁၄၊ ဇူလိုင် ၈ ရက်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ရပ် က ဆိုတယ်။ ဒါပေမယ့်လည်း ကလေးတွေ စာဖတ် တာနဲ့ သင်္ချာတွက်တာ တွေမှာ စွမ်းရည်မြင့်မားတာဟာ မျိုးဗီဇနဲ့သာသက်ဆိုင်ရုံမက ကျောင်းပညာရေးနဲ့ မိဘ တွေရဲ့ ကူညီပံ့ပိုးမှုတွေကလည်း အရေးကြီး အထောက် အပံ့တွေ ဖြစ်ကြောင်း သုတေသန ပညာရှင်တွေက ပြော ကြားခဲ့တယ်။
ဗြိတိန်မိသားစု ၂၈၀၀ နီးပါးက အသက် ၁၂ နှစ်အရွယ် ကျောင်းနေ ကလေးတွေကို လေ့လာ ထားတဲ့ Twins Earlt Development Study လို့ ခေါ်တဲ့ အချက်အလက် တွေကို သိပ္ပံပညာရှင်တွေက နှိုက် နှိုက်ချွတ်ချွတ် လေ့လာခဲ့ကြတယ်။ သိပ္ပံပညာရှင်အဖွဲ့တွေဟာ အမြွှာ တွေနဲ့ သွေးသားမတော်စပ်တဲ့ ကလေးတွေမှာ စာဖတ်စွမ်းရည်နဲ့ သင်္ချာစွမ်းရည်တွေကို နှိုင်းယှဉ် လေ့လာခဲ့ပြီး အဲဒီကလေးတွေရဲ့ ဗီဇအတွဲတွေကို တိုက်ဆိုင်စစ်ဆေး ခဲ့တယ်။
စာဖတ်စွမ်းရည်နဲ့ သက်ဆိုင်တဲ့ ဗီဇတွေရဲ့ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအတွင်းဟာ သင်္ချာစွမ်းရည် နဲ့လည်း သက်ဆိုင်ကြောင်း သုတေ သနပညာရှင်တွေက တွေ့ရှိခဲ့ တယ်။ လန်ဒန်ဘုရင့်ကောလိပ်မှ ပါမောက္ခ ရောဘတ်လိုမင်က အဲဒီလေ့လာမှုဟာသင်ကြားမှု စွမ်းရည်မှာ DNA ရဲ့ သက်ရောက်မှုကို ခန့်မှန်းနိုင်တဲ့ ပထမဆုံး လေ့လာမှုဖြစ်ကြောင်း၊ အဲဒီလို ဗီဇလွှမ်းမိုးမှု အားကောင်းတာကို ရှာဖွေတွေ့ရှိ တာက ကလေးမှာ သင်ယူမှု အခက်အခဲရှိရင် ဘယ်လိုမှ မတတ်နိုင်လို့ မဆိုလိုကြောင်း ၄င်းက ပြောကြားခဲ့တယ်။
ညွန့်လွင် (စက်မှုတက္ကသိုလ်)
Ref;AFP

Health Updates Journal No.(130)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook