ဆံပင်ပြန်ပေါက်ဆေးသစ်
• ဆေးသစ်ကနေ တချို့လူတွေမှာ ဆံပင်ပြန်ပေါက်တယ် ဆိုတာ ကနေ့ မနက်မှာလာတဲ့ ဆေးပညာသတင်း ဖြစ်ပါတယ်။ (ကိုလမ်ဘီယာ) ဆေပညာစင်တာက သုတေသန လုပ်နေတာ ဖြစ်ပါတယ်။
• ရိုးတွင်းခြင်ဆီ ရောဂါအတွက် သုံးနေတဲ့ စမ်းသပ်ဆဲ ဆေးကနေ ထိပ်ပြောင်တာကိုပါ သက်သာစေတယ်လို့ သိလာရပါတယ်။
• ကြွက်တွေကို စမ်းပြီးဖြစ်တဲ JAK inhibitors ဆေး ၂ မျိုးရှိတာ ထဲကတမျိုးကို ဆံပင်ပြောင်နေသူအမျိုးသမီး ၇ ယောက်နဲ့၊ အမျိုးသား ၅ ယောက်ကို Ruxolitinib ဆေး ၁ တောင့်၊ ၂ ကြိမ်ပေးတယ်။ ခုခံအားစနစ်ကို နှိမ်ပေးတယ်။ ရလဒ်တွေ ကောင်းတယ်လို့ Nature Medicine သဘာဝ ဆေးပညာဂျာနယ်မှာ ရေးသားလိုက်ပါတယ်။
• အမျိုးသမီးတွေ ဆံပင်ကျွတ်တာကို Male pattern baldness ယောက်ျားဆန်တဲ့ ထိပ်ပြောင်ခြင်းလို့ ဆေးပညာမှာ သုံးတယ်။
• ဒီဆေးက Alopecia areataခေါ်တဲ့ တခေါင်းလုံး ပြောင်တာကိုတော့ မရလောက်ဘူးလို့ သတိပေးပါ တယ်။ လူတိုင်းလဲရမှာ မဟုတ်ပါ။ ဘေးထွက် ဆိုးကျိုးတွေလဲ ရှိပါမယ်။
• တချို့လူတွေကို Cortisone injections ကော်တီဇုန်း ဆေးထိုးပေးတာ ကောင်းတယ်။
• Ruxolitinib လိမ်းဆေးတော့ မလုပ်ရသေးပါ။
• JAK inhibitor အမျိုးအစားထဲက Tofacitinib ဆေးကို Rheumatoid arthritis (ရူမတွိုက်) အဆစ်နာအတွက် သုံးနေပါတယ်။ ဆေးသောက်သူတွေမှာ ဆံပင်ပြန်ပေါက်လာတာတွေ့ရတယ်။
ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၄

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook