မြန်မာ့ ဆက်သွယ်ရေးက ပုံစံအသစ်ဖြင့် ဆင်းကတ် ရောင်းချပေး
မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ် တွေကို အောက်ခြေ ကျေးရွာနဲ့ ရပ်ကွက် တွေမှာ ခွဲတမ်းစနစ်နဲ့ ရောင်းချပေး နေရာကနေ သြဂုတ်လ လယ်ကစပြီး နောက်ထပ် စနစ် ၂ မျိုးနဲ့ ရောင်းချ ပေးနေပြီလို့ ကျောက်တံတားမြို့နယ် Elite Tech အရောင်းဆိုင် တာဝန်ရှိသူက ဒီဗွီဘီ ကို ပြောပါတယ်။
ပထမတမျိုး ကတော့ မြန်မာ့ဆက် သွယ်ရေး ဆင်းကတ်ကို အသုံးပြုပြီး ဖုန်းပြောဆိုခ ၁ လ ကျပ် ၁ သိန်းကျော်ဖိုး သုံးစွဲသူတွေကို ၁၅၀၀ ကျပ်နှုန်းနဲ့ ဆင်းကတ် ၃ ကတ်စီ ရောင်းချပေး တာ ဖြစ်ပြီး နောက်တ မျိုးကတော့ သုံးစွဲသူအားလုံးကို အလှည့်ကျ စနစ်နဲ့ ရောင်းချပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၁ လ ကျပ် ၁ သိန်းအထက် ဖုန်းပြောဆိုသူတွေထဲက တနေ့ လူဦးရေ ၅ ထောင်လောက်ဆီကို မက်ဆေ့ခ်ျ ပို့ပြီး ဖုန်းဝယ်ယူနိုင်ကြောင်း အကြောင်းကြား ပေးတယ်လို့ ဆိုပါတယ်။
အခြားဆင်းကတ် အသုံးပြုသူတွေကတော့ ဆင်းကတ် ထပ်မံဝယ်ယူလိုကြောင်း မြန်မာ့ ဆက်သွယ်ရေး ကို မက်ဆေ့ခ်ျ ပို့ပေးရမှာ ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးက အလှည့်ကျ စနစ်နဲ့အကြောင်းပြန်မှာ ဖြစ်ပါ တယ်။
အကြောင်းပြန်ကြားစာ ရရှိသူဟာ အီလိုက်အရောင်းဆိုင်တွေမှာ ၁ ယောက် ဆင်းကတ် ၃ ကတ် ၀ယ်ယူနိုင်မယ်လို့ သူက ရှင်းပြပါတယ်။
DVB news
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook