စားသုံးရန် မသင့်သောမုန့်များ ရောင်းနေသူများကို အရေးယူတော့မည်

စားသုံးရန် မသင့်သော မုန့်များ ရောင်းချနေသည့် မန္တလေးမြို့ အတွင်းရှိ လက်ကားမုန့်ဆိုင် များကို စက်တင်ဘာမှ စတင်အရေးယူ တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့အတွင်းရှိ မြို့ နယ်ခြောက်မြို့နယ်မှ လက်ကား မုန့်ဆိုင်များတွင် ရောင်းချနေ သည့် အစား အသောက်များ၏ အရည်အသွေးကို တိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စား သုံးသူရေးရာ ဦးစီးဌာနမှ ဇွန်လ နှင့် ဇူလိုင်လ အတွင်းက လိုက်လံ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အများ စုမှာ စားသုံးရန် မသင့်သောကြောင့် ဆက်လက် ရောင်းချခြင်း မပြုလုပ် ရန်လည်း သတိပေးခဲ့သည်။

စားသုံးရန် မသင့်သော အ စားအစာများကို စက်တင်ဘာ တွင် ထပ်မံစစ်ဆေးပြီး တွေ့ရှိပါ က အရေးယူ သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေး ရာ ဦးစီးဌာနမှ တိုင်းဒေသကြီး ဦး စီးမှူးဦးဆွေတင့်ကြူးက ပြော သည်။ အများစုကတော့ စားသုံးဖို့ မသင့်ဘူး။ တချို့က တရုတ်စာ တွေ ကပ်ထားတယ်။ တရုတ်ပြည် ကပဲ လာသလား၊ မြန်မာပြည်ထဲ ကပဲ ထုတ်နေသလား မသိဘူး။ ဆက်မရောင်းဖို့ သတိပေးထားခဲ့ တာ ဆက်ရောင်းနေရင်တော့ ထိ ထိရောက်ရောက် အရေးယူ သွား မယ်’’ ဟု ဦးဆွေတင့်ကြူးက ဆိုသည်။

လက်ကားဆိုင်များသို့ ၀င် ရောက်စစ်ဆေးစဉ်က မုန့်အများ စုတွင် စားသုံးသူအခွင့်အရေး ဖော်ပြပါရှိရ မည့် အချက်များ ထည့်သွင်းဖော်ပြခြင်း မရှိသည့် အပြင် အများစုမှာ တရုတ်ဘာ သာစကားများဖြင့်သာ ဖော်ပြ ထားသောကြောင့် ဆက်လက် ရောင်းချနေပါက ပစ္စည်းများ သိမ်းသွားမည်ဖြစ်ပြီး ထပ်မံ မလိုက် နာပါက စားသုံးသူကာ ကွယ်ရေး ဥပဒေပါ အချက်များအ ရ ထိရောက်စွာ အရေးယူသွား မည်ဟု ၎င်းကပြောကြားသည်။

7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...