Email ၀င်လာရင် လျှင်မြန်စွာ Reply လုပ်ပေးမယ့် Poppy

Poppy ဆိုတဲ့ Android App ဟာ အီးမေး ၀င်လာရင် Popup အနေနဲ့ ပြသပေးနိုင်ပြီး မူလ Email App ကို ဖွင့်စရာ မလိုဘဲ Reply ပြုလုပ်နိုင် စေပါတယ်။ နေ့စဉ်အီးမေး ပေးပို့ရယူနေသူတွေအတွက် အလုပ်ကိစ္စများ လျှင်မြန် လွယ်ကူစေမှာပါ။ 

Poppy ကို အင်စတော လုပ်ပြီးရင် သင့်ရဲ့ အီးမေးအကောင့်နဲ့ ပထမဆုံး ချိတ်ဆက်ပေး ရပါမယ်။ App က ဖုန်းမှာ မှတ်ပုံတင်ထားပြီးတဲ့ အီးမေး အကောင့်များနဲ့ အလိုအလျှောက် မချိတ်ဆက်ပါဘူး။ Gmail အပါအ၀င် အီးမေး ၀န်ဆောင်မှုများစွာကို App က ထောက်ပံ့ပေးပါတယ်။ အီးမေး အကောင့်များစွာနဲ့ App ကို ချိတ်ဆက်နိုင်ပါတယ်။ သင့်အီးမေးနဲ့ App ကို ချိတ်ဆက်ဖို့အတွက် App ကိုဖွင့်ပြီး Email Accounts ကို နှိပ်ပါ။ Description မှာ အကောင့် အမည်ကို သတ်မှတ်ပါ။ Gmail ဆိုရင် My Gmail လို့ သတ်မှတ်နိုင်ပါတယ်။ Yahoo ဆိုရင် My Yahoo လို့ သတ်မှတ် သင့်ပါတယ်။ ဒါမှသာ အီးမေး ၀န်ဆောင်မှုများစွာကို အသုံးပြုသူများအတွက် ကွဲပြားစွာ သိရှိမှာပါ။ User Name နဲ့ Password မှာ သင့်အီးမေးရဲ့ User Name, Password ဖြည့်ပေးပါ။ Check Internal မှာတော့ အီးမေး အသစ်ဝင်လာတာကို စစ်ဆေးမယ့် အချိန်အပိုင်းအခြားကို သတ်မှတ်ရမှာပါ။ Email Client ကိုနှိပ်ပြီး Gmail ဆိုရင် Gmail App ကို ရွေးချယ်ရမှာပါ။ 

App ရဲ့ Settings ရှိ Volume မှာ အီးမေးဝင်လာရင် ပေါ်ထွက်လာမယ့် Notification ရဲ့ အသံကို သတ်မှတ်နိုင်ပါတယ်။ Do Not Disturb မှာ On လိုက်ရင် အချိန်အပိုင်းအခြား တစ်ခု သတ်မှတ်ပေးရမှာ ဖြစ်ပြီး အဲဒီ အချိန်အပိုင်းအခြားမှာ Alerts များကို ပြသပေးမှာ မဟုတ်ပါဘူး။ အိပ်ချိန်၊ အစည်းအဝေး ခန်းထဲရောက်နေတဲ့ အချိန်တွေမှာ အသုံးဝင်ပါတယ်။ Popup ကဏ္ဍမှာ အီးမေးဝင်လာရင် ပြသပေးမယ့် Popup ရဲ့ Themes များကို ရွေးချယ်နိုင်ပါတယ်။ အီးမေးရဲ့ Subject သာမက Body တစ်ခုလုံးကို Popup မှာ ပြသပေးဖို့ သတ်မှတ်နိုင်ပါတယ်။

သင်နှစ်သက်သလို Settings များကို ပြုပြင်ပြီးရင် App ကို ပိတ်လို့ရပါပြီ။ အီးမေး ၀င်လာရင် App က Popup အနေနဲ့ ပြသပေးမှာပါ။ Default အားဖြင့် Subject နဲ့ Close, Open, Reply စတဲ့ ခလုတ်များကို ပြသပေးမှာပါ။ Close ကို နှိပ်ရင် Popup ကို ပိတ်တာပါ။ Open ကိုနှိပ်ရင် Email App မှာ ဖွင့်ပေးမှာပါ။ Reply ကိုနှိပ်ရင် Popup ကနေ လျှင်မြန်စွာ စာပြန်နိုင်မှာပါ။ ညာဘက် အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ရင် အဲဒီ အီးမေးအကောင့် အတွက် Popup ကို Disable လုပ်ဖို့၊ အီးမေးကို Email App ကနေ Reply လုပ်ဖို့၊ အီးမေးကို ဖတ်ပြီးကြောင်း သတ်မှတ်ဖို့ ၊ အီးမေးကို Delete လုပ်ဖို့ ပြုလုပ်နိုင်ပါတယ်။

လူအများစုဟာ ဆက်သွယ်မှုအတွက် အီးမေးများထက် Messaging App များကို အသုံးပြုလာကြပါတယ်။ အီးမေးကို အသုံးပြုရင် စာပြန်ဖို့အတွက် သက်ဆိုင်ရာ Email App ကိုဖွင့်ရတာ၊ Reply ခလုတ်ကို နှိပ်ပြီး စာပြန်ရတာ၊ အီးမေး ပေးပို့ဖို့အတွက် Compose ခလုတ်နဲ့ အီမေးလိပ်စာများ ရိုက်ထည့်ရတာ စတဲ့ အလုပ်ရှုပ်မှုတွေ ရှိနေလို့ပါပဲ။ Poppy က အဲဒီပြဿနာကို ဖြေရှင်းပေးပြီး Popup Notification ကနေ လျှင်မြန်စွာ အီးမေးဖတ်နိုင်သလို စာပြန်နိုင်စေမှာ ဖြစ်ပါတယ်။ 

Poppy ကို Android 2.2 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။

http://goo.gl/jkeMk5


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...