စမတ်ကျသော မော်တော်ဆိုင်ကယ် ဦးထုပ်

Skully AR-1 မော်တော် ဆိုင်ကယ် ဦးထုပ်သည် သာမာန် မော်တော် ဆိုင်ကယ် ဦးထုပ်များနှင့် ဆင်တူ သော်လည်း ကမ္ဘာ့ စမတ်အကျဆုံး မော်တော် ဆိုင်ကယ် ဦးထုပ်ဟု သိရပါသည်။ ၀တ်ဆင်သူ၏ ဦးခေါင်းကို ကာကွယ်ပေးနိုင် ရုံသာမက အင်တာနက် ချိတ်ဆက်နိုင် ပါသည်။

AR-1 ၏ အနောက်ဘက်တွင် ကင်မရာ တပ်ဆင် ထားသကဲ့သို့ အရှေ့ဘက်တွင်လည်း ဆိုင်ကယ် အမြန်နှုန်း၊ လမ်းညွှန်မှုများ၊ လောင်စာဆီ အခြေအနေ များနှင့် ဖုန်းဝင်လာမှုများကို ပြသပေးနိုင်သည့် Heads-Up Display တပ်ဆင် ထားသည်ဟု တီထွင်သည့် Skully Systems က ပြောပါသည်။ Skully Systems သည် ဆန်ဖရန်စစ္စကို အခြေစိုက် ဖြစ်ပါသည်။ ဆိုင်ကယ်ဦးထုပ်၏ မျက်နှာဖုံးသည် အလင်းရောင်များကို ကာကွယ်ပေးနိုင် သကဲ့သို့ ခြစ်ရာများကို ခံနိုင် ရည် ရှိပါသည်။

AR-1 သည် စမတ်ဖုန်းနှင့် Bluetooth မှ ချိတ်ဆက်နိုင်ပြီး စမတ်ဖုန်းမှ သတင်းအချက်အလက်များကို ဆိုင်ကယ်ဦးထုပ်၏ မျက်နှာဖုံးတွင် ပြသပေးနိုင်ပါသည်။ GPS လမ်းညွှန်မှုအတွက် AR-1 သည် စမတ်ဖုန်းမှ တဆင့် အင်တာနက် ချိတ်ဆက်နိုင်ပါသည်။ အင်တာနက် ဆက်သွယ်မှု ပြဿနာရှိလျှင် သိမ်းဆည်းထားသော မြေပုံ သတင်းအချက်အလက်များကို အသုံးပြုနိုင်ပါသည်။

ဦးထုပ်သည် စမတ်ဖုန်းမှ သီချင်းများ၊ ဖုန်းဝင်လာမှုများနှင့် GPS စွမ်းဆောင်ချက်များကို အသုံးပြုနိုင် သော်လည်း Skully Systems က အနာဂတ်တွင် Apps များစွာ ပိုမို ထောက်ပံ့ပေးရန် စီစဉ်နေပါသည်။ ဦးထုပ်ကို တစ်ခါအားသွင်းထားလျှင် ကိုးနာရီ အသုံးခံပါသည်။

AR-1 စမတ်ဆိုင်ကယ် ဦးထုပ်ကို Indiegogo ၀က်ဆိုက်တွင် ဒေါ်လာ ၁၃၉၉ ဖြင့် ကြိုတင်မှာယူနိုင်ပြီ ဖြစ်သည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...